မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နွားထိုးကြီး PDF – မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Pakokku People Defense Force မှ ထုတ်ပြန်သည့် စက်တပ်လေထီး သိမ်းဆည်းရရှိမှု ရုပ်သံဖိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင်ကို Pakokku People Defense Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်ထဲ စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၅စီးပါ စစ်ကောင်စီသင်္ဘော ၁၄ စီးအုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘော ၁ စီး နစ်မြုပ်ပြီး စစ်သင်္ဘော ၁ စီးနဲ့ အခြားတွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မလှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ‌တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်  မိုဃ်းကောင်းစေတီတော် ရေထဲ မျောပါ (ရုပ်/သံ)

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ် ဆိုင်းစုကျေးရွာမှာ တည်ထားကိုးကွယ်တဲ့ ရှေးဟောင်းသမိုင်းဝင်  မိုဃ်းကောင်းစေတီတော်မြတ်ကြီးဟာ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေထဲမျောပါ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ လက်နက်ကြီးစမ်းသပ်မှုအတွင်း အမှတ် ၁ စစ်ဒေသ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ ရဲ့ ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ယင်းမာပင်ခရိုင် တပ်ရင်း၃၅ - People's Defence Army က ထုတ်ပြန်ပြသထားပါတယ်။
Read More

စစ်ကောင်စီ ဝေါလေဗျူဟာစခန်းက လက်နက်တိုက်ကို တော်လှန်ရေးဒရုန်းတပ်များက ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ဟု ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်အရှိန်မြှင့်တင်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်များအရ သိရပါတယ်။