ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကစတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဟာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေ ပိုမို အသုံးပြုလာနေပြီး မတ်လ ၉ ရက် မနေ့က တစ်ရက်တည်းမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်း ၇ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဒရုန်းတစ်စင်း သိမ်းပိုက်ရရှိစဥ် (ဓာတ်ပုံ 7 Stars News)

KIA ပူးပေါင်းတပ်တွေ ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ခဲ့တဲ့ စကခ(၂၁) ရဲ့ အဓိက ကာကင်းတပ်ရင်း ခလရ (၂၃၆) ကို သိမ်းပိုက်ချိန်ကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ချပေးတဲ့ ဒရုန်းတွေအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ဗန်းမော်မြို့ ၃ မိုင်အနီးရှိ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ စက်သုံးဆီအရောင်းဆိုင်မှာ ဒီနေ့ တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် မီးလောင်ကျွမ်းနေပြီး KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၂၁ ကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်အခြေစိုက် စစ်ကောင်စီတပ်စခန်းနေရာ အများအပြား သိမ်းပိုက်ထားနိုင်တဲ့ KIA ဟာ စကခ(၂၁)၊ ခလရ(၄၇) အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာတွေနဲ့ တပ်စခန်းတွေ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ကလည်း လေကြောင်းပစ်ကူ ဆက်တိုက်လုပ်ဆောင်ကာ စခန်းတွေ မကျရေး အသည်းအသန် ခုခံနေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံများ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်ပိုင်းက စတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၃ ယောက်ခန့် သေဆုံးကာ တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ် တောင်ကျရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး (၅) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးတွင် ရပ်ကွက်အာဏာပိုင်များ ရုံးခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခံရ၊ မိတ္ထီလာတွင်လည်း အုပ်ချုပ်ရေးမှူးဖြစ်တာ ၂ရက်သာ ရှိသေးသူ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီး နဲ့ မိတ္ထီလာမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။
Read More

ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တွေကို စံနှုန်းနဲ့အညီ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီ ပြော

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။