စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP – Myanmar) က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် တပ်ရင်းဌာနချုပ် ရာနှင့်ချီ သိမ်းပိုက်ခံထားရတာ ဖြစ်ပါတယ်။

အများစုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဆုံးရှုံးခဲ့တာဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အဓိကထိန်းချုပ်ထားတာဖြစ်ပါတယ်။

တပ်ရင်းဌာနချုပ်တွေ သိမ်းပိုက်ရရှိမှုထဲမှာ ရှမ်းမြောက်၊ ရခိုင်နဲ့ ကချင်ဒေသတွေမှာ အများဆုံးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ခုခံစွမ်းအားလုံး၀ မရှိတော့တာကို ပြသရာရောက်တယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အမိန့်ပေးကွပ်ကဲမှုဌာနချုပ်တွေ၊ ခြေမြန်တပ်ရင်းတွေ၊ လက်ရုံးအကူတပ်ရင်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို အဓိက စိုးမိုးထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

သိမ်းပိုက်ခံရတဲ့တပ်စခန်းတွေထဲမှာ စစ်တိုင်းဌာနချုပ် ၂ ခု၊ အမိန့်ပေးကွပ်ကဲမှု ဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း၊ ခြေလျင်တပ်ရင်း ၃၇ ခုထက်မနည်းနဲ့ ခြေမြန်တပ်ရင်း ၅၄ ခုထက်မနည်း ပါဝင်ကြောင်း ISP – Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ၇ ခုထက်မနည်း၊ လက်ရုံးတပ်ရင်း ၃၉ ခုထက်မနည်း နဲ့ လက်ရုံးအကူတပ်ရင်း ၂၅ ခုထက်မနည်းကိုလည်း တော်လှန်ရေးအင်အားစုတွေ က သိမ်းပိုက်ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ISP Myanmar ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“အဲဒီနေ့က Express ကားသမားကို မောင်းမပေးရင် ပစ်သတ်မယ်‌ဆိုပြီး ခြိမ်းခြောက်တယ်။ အရပ်သားတွေကိုလည်း ကားပေါ်ကနေ အဆင်းမခံဘူး။ ဒီအတိုင်း တိုက်ပွဲဖြစ်တဲ့နေရာကို ချောဆွဲလာခဲ့တာပါ။ မျက်စိရှေ့တင် ဖြစ်သွားတဲ့ကိစ္စအပေါ် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်”

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ခရီးသည်တင် Express ကားကို တိုက်ပွဲရှိရာ ခြိမ်းခြောက်မောင်းနှင်ခိုင်းခဲ့သလို စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ Yadanarbon Revolutionary Force-YRF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ နမခကို ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု အရာရှိများအပါ စစ်အုပ်စုဘက်မှ ၁၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် ၁၂ယောက်သေဆုံးပြီး ရိက္ခာဂိုဒေါင်တွေ ပျက်စီးခဲ့တယ်လို့ Chindwin Rocket Brother - C.R.B တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှာ ဗမာ့တပ်တော်မှ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။