ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသက အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများကို  ပအိုဝ်းပြည်သူ့စစ် (PNO) မှလုပ်ဆောင်လာတယ်လို့ Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပူးတွဲပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်နေတဲ့ PNA/PNO မှ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာပြီး လူမျိုးရေးအမုန်းတရားများကိုပါ ဝါဒဖြန့်ပြုလုပ်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

(BWCI) အဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်က ကယားပြည်နယ်မှာ ဖွဲ့စည်းခဲ့တဲ့ ဒေသတွင်း စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ 

အစီရင်ခံစာအတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်ပြီး ပအိုဝ်းပြည်သူ့စစ်ထိန်းချုပ်ထားတဲ့  ဆီဆိုင်မြို့နယ်အတွင်း PNA မှ တော်လှန်ရေးတပ်ဖွဲ့မျာအားလက်စားချေတဲ့ပုံစံဖြင့် အပြစ်မဲ့ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်မှုများရှိလာတယ်လို့ ဖော်ပြထားပါတယ်။

PNO က ရှမ်း-ကရင်နီနယ်စပ် PNO ထိန်းချုပ်နယ်မြေများဖြစ်သည့် ဆီဆိုင်မြို့နယ်နဲ့ ပင်လောင်းမြို့နယ်တို့တွင် အရပ်သားပြည်သူများကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်များကို သက်သေထွက်ဆိုချက်များနှင့် တကွ BWCI က ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 

BWCI ၏ အစီရင်ခံစာအတွင်းဖော်ပြထားမှုတွေအရ  ၂၀၂၄ ခုနှစ်အတွင်း သျှမ်းတောင်တွင် PNA မှ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂၇ ဦးရှိခဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသူ ၅ ဦးခန့်ရှိခဲ့သလို နစ်နာသူများမှာလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် သက်ဆိုင်ခြင်းမရှိဘဲ သာမန်အရပ်သားပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

PNA တပ်ဖွဲ့အနေနဲ့ ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တယ်လို့ ယူဆတဲ့လူမှန်သမျှကို ပစ်မှတ်ထားလုပ်ဆောင်မှုတွေ ရှိနေတယ်လို့  ဒေသခံတွေကလည်း ဆိုပါတယ်။

ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) ဟာ ၁၉၉၁ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

"ဒီမနက် ၆နာရီ ၄၀ မှာ ကန်ဒေါင့်ရဲစခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ အတည်ပြုပါတယ်။ ​နောက်ဆက်တွဲသတင်းတွေ ဆက်ထုတ်ပြန်ပါမယ်။ ဇွန်လ ၂ရက်နေ့ကတည်းက စပြီးတိုက်ခဲ့တာ အခု ၁၉ရက်နေ့ မနက်မှာ ရတာပါ။" လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က မောင်းကိုပြောပါတယ်
Read More

အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု မင်းအောင်လှိုင် စွပ်စွဲ

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ဝင်ရောက်ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ်  အသုံးပြုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။