မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားတွေရဲ့ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်တွေကို သထုံခရိုင် PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅ တပ်ခွဲ-၅ (YARMA BRIGADE) က ထုတ်ပြန်လိုက်ပါတယ်။

သင်တန်းမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ပါဝင်တက်ရောက်နေပြီး တက်ရောက်လိုတဲ့ သင်တန်းသားအသစ်တွေကိုလည်း လက်ခံနေတယ်လို့ သိရပါတယ်။

မတရားမှုကို တော်လှန်ကြမယ့် သင်တန်းသားနဲ့ ထပ်တိုးရဲဘော်တွေအတွက် YARMA BRIGADE မှာ ရိက္ခာလိုအပ်ချက်ရှိနေတာကြောင့် ထောက်ပို့ကြမယ့် မိဘပြည်သူတွေအနေနဲ့ သထုံခရိုင်၊ PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅၊ တပ်ခွဲ-၅ Facebook Page ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးလှုပ်ရှားမှု ပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်မြောက်အဖြစ် လေ့ကျင့် ရေး၊ စစ်ဆင်ရေးနဲ့ လူထုအခြေပြုလုပ်ငန်း လုပ်ငန်းလုပ်ဆောင်ချက် မှတ်တမ်းရုပ်သံကို PRF အလံတင်သီချင်းနဲ့အတူ ထုတ်ပြန် လိုက်ပါတယ်။
Read More

အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မဟာမုနိဘုရားကြီးကျောင်းဆောင်ဝန်းကျင် မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်‌ကြောင့် ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ အနီးဝန်းကျင်ကို အခုလိုပဲ တွေ့မြင်ခဲ့ရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တရုတ်ကြီး စျာပန (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက ရဲဘော်တရုတ်ကြီးရဲ့ နာရေးစျာပနကို အောက်တိုဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့ကို အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်မှု စစ်သား ၁၈ ဦးထက်မနည်း သေဆုံး (ရုပ်/သံ)

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူများကို ထောက်ပံ့ကူညီခဲ့သည့် ရုပ်သံမှတ်တမ်း တော်ဝင်ဒေါင်းတပ်ရင်း ထုတ်ပြန် (ရုပ်/ သံ)

တော်ဝင်ဒေါင်းတပ်ရင်းက ရဲဘော်တွေဟာ ရှေ့တန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသလို သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီကာကွယ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။