၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းဆီ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ယောက်အထိရှိပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေါနတပ်ရင်းဆီ အလင်းဝင်ရောက်လာသူတွေထဲ စစ်မှုထမ်းစုဆောင်းခံရသူတွေ၊ ရေတပ်သားတွေ၊ CDM ဆေးဗိုလ်မှူး၊ တပ်ကြပ်အရာရှိတွေနဲ့ သတင်းရဲမေတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း တနင်္သာရီအခြေစိုက် ခမရ ၅၅၈ မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ကြပ် ၁ယောက်နဲ့ တပ်သား ၆ ယောက်တို့ဟာ လက်နက်ခဲယမ်းတွေ ယူဆောင်ရင်း ဒေါနတ​ပ်ရင်း ဗျူဟာ ၃၃ နယ်မြေအတွင်းကို အလင်းဝင်ရောက်လာကြောင်း ထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာသူတွေဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခြင်းကိုခံရပြီးတဲ့နောက် အမှတ် (၁၂ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉)အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) သင်တန်းကျောင်းတို့မှာ သင်တန်းတက်ရောက်ခဲ့ရတဲ့ သင်တန်းအပတ်စဉ် (၅)နဲ့ (၆)က သင်တန်းဆင်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။
” သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ ” လို့ ဒေါနတပ်ရင်း၊ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက မောင်းသတင်းဌာနကို ပြောပါတယ်။
သူကပဲ ဆက်လက်ပြီး “အဓိကကတော့ သူတို့ရဲ့တပ်စိတ်မှူးက စည်းရုံးတာကောင်းလို့ပဲပြောရပါမယ်။ နောက်ပြီးတပ်ထဲမှာမနေချင်တဲ့သူတွေကလည်းများတယ်။ ကျနော်တို့ဘက်ခြမ်းနဲ့လည်းအချိတ်ဆက်မိသွားတော့ အခက်ခဲသိပ်မရှိပါဘူး။ လမ်းခရီးတစ်ဝက်ကနေသွားရောက်ခေါ်ဆောင်ခဲ့ရတာပေါ့” လို့ ပြောပါတယ်။
လမ်းကင်းကျချိန်မှာ လက်နက်တွေကိုယ်စီ ယူဆောင်ပြီး အလင်းဝင်လာတဲ့ အထက်ပါ စစ်ကောင်စီတပ်သားတွေကို ဒေါနတပ်ရင်းက ဆုကြေးငွေတွေ ပေးအပ်ခဲ့သလို ကောင်းကောင်းမွန်မွန် ကြည့်ရှု့ထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၁ ရက်ကလည်း ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ရာမှ ဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ ခမရ ၅၅၉ ဘုတ်ပြင်း က စ​စ်ကောင်စီတပ်သား ၂ ယောက်ကို ဒေါနတပ်ရင်းက ကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။
လက်ရှိအချိန်အထိ ဒေါနတပ်ရင်းဆီ အလင်းဝင်ရောက်လာရင်း စစ်ကောင်စီကို ပြန်လည်တိုက်ပွဲဝင်နေသူ အရေတွက်ဟာလည်း ၁၈ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
” အဓိကကတော့ ပြည်သူ့ဘက်ကို ပူးပေါင်းချင်တဲ့စိတ်ရှိဖို့ပါပဲ။” လို့ ဒေါနတပ်ရင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှု့ထမ်းအမိန့်ကြေညာချက်တွေကြား အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေနဲ့ ပြည်သူဘက် ရပ်တည်လိုတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်သူကာကွယ်ရေးတပ်မတော် PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဆီ ဆက်သွယ်ဝင်ရောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)က တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။
Read More

မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်မှာ သန်း​ခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲခံရပြီး ရဲ ၂ ယောက်သေ၊ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းလိုက်ကောက်တဲ့ အကြမ်းဖက်စစ်တပ်၊ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် ရဲ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
Read More

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော

နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။