ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့်  မြန်မာ့အရေးမှာ စစ်ကောင်စီကို အရေးယူမှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့  ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့က အိတ်ဖွင့်ပေးစာတစ်ရပ်နဲ့  ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ကို အရပ်ဘက်အဖွဲ့အစည်းတွေက အဓိက အချက်ကြီး ၄ချက်နဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် အသိအမှတ်မပြုရေးကိစ္စရပ်တွေကို ကုလနဲ့ နိုင်ငံတကာထံ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပြီး အဓိကတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်များ မှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ရန်၊ မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန် နဲ့  ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ခြင်းနှင့် လောင်စာဆီအား ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ   စစ်ကောင်စီရဲ့   ကြမ်းကြုတ်ရက်စက်တဲ့ ကျူးလွန်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရရှိစေရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် တရားမျှတမှုကိုဖော်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာမှာ အဓိကရည်ရွယ်ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏နယ်မြေအများစုကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ အခုနှစ် (သို့) လာမယ့် နှစ်တွေမှာ ရွေးကောက်ပွဲကို ကျင်းပဖို့ စစ်ကောင်စီကပြင်ဆင်လျက်ရှိပါတယ်။

စစ်ကောင်စီရဲ့  အတုအယောင်ရွေးကောက်ပွဲဟာ  ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့  ပြည်သူများရဲ့  ဆန္ဒကို ဆိတ်သုဉ်းသွားစေရန်၊ ဆက်လက် အာဏာရယူရန်နှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ဆိုးကို နောက်ထပ်တစ်ကြိမ် တရားဝင်မှုပြုရန်နှင့် ပုံမှန်အခြေအနေပြန်ရောက်ပြီးသည့်ပုံစံအဖြစ် သွတ်သွင်းရန် စစ်အုပ်စုက ရည်ရွယ်လာခြင်း ဖြစ်ပါတယ်။

စစ်အုပ်စုဟာ  ၎င်းရဲ့  အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သောနှစ်အတွင်း ပြုလုပ်တဲ့  ၎င်းတို့၏ အတုအယောင် သန်းခေါင်စာရင်း ကောက်ယူမှု၌ ပြည်သူများပါဝင်စေရန် လက်နက်ကိုင်များကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းများကဲ့သို့ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့်  ကုလရဲ့ အဖွဲ့အစည်းဖြစ်တဲ့ UNHRC ဟာ စစ်အုပ်စုရဲ့  အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့  အစီအစဉ်များမှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ကန့်ကွက်ရမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ နှင့် တိုင်းရင်းသားကောင်စီများအပါအဝင် ဖက်ဒရယ်ယူနစ်များမှတစ်ဆင့် ဒေသခံအုပ်ချုပ်ရေး အစိုးရများ တည်ထောင်ခြင်း၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ဂျန်ဒါတန်းတူညီမျှမှု၊ နှင့် လူနည်းစုအခွင့်အရေး ဆိုင်ရာမူဝါဒများ ရေးဆွဲခြင်း၊ နှင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေဟာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီကို အောက်ခြေကနေ အထက်သို့ ဦးတည်လုပ်ဆောင်တာဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတစ်ခု ဖြစ်ပေါ်လာဖို့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကြားထဲကနေ အားစိုက်လုပ်ဆောင်လျက်ရှိတာဖြစ်ပါတယ်။

စစ်အုပ်စု၏ စဉ်ဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများ ခံနေရချိန်၌ပင် အားလုံးပါဝင်မှုရှိတဲ့  ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ဖို့ ပြည်သူတွေဟာ  မမောမပန်းအားထုတ်မှုနဲ့ တိုင်းဆမရနိုင်သော စတေးမှုများကို UNHRC အနေဖြင့် ခိုင်ခိုင်မာမာ အားပေးထောက်ခံ အသိအမှတ်ပြုဖို့ အရေးတကြီးလိုအပ်တယ်လို့လည်းဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်နိုင်ရေး လုပ်ဆောင်နေစဉ် NUG ကို မြန်မာနိုင်ငံရဲ့ လတ်တလော တရားဝင်ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုပြီး ၎င်း၏ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ် ပြုရန်နှင့် ထောက်ခံပံ့ပိုးပေးရန် UNHRC အား ထပ်လောင်းတိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း  စစ်အုပ်စုဟာ  မြန်မာနိုင်ငံတစ်ဝန်း လေကြောင်း တိုက်ခိုက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အစုလိုက်အပြုံလိုက် ဥပဒေမဲ့ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျကျူးလွန်လျက်ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  စစ်ကောင်စီဟာ  လူဦးရေ ၂၈,၆၀၀ ဦးကို တရားလက်လွှတ်ဖမ်းဆီးခြင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်အပါအဝင် လူဦးရေ ၆,၂၀၀  ကျော်ကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၃၁၀ ကျော်ကို ကျူးလွန်ထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့အထိ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၃.၅ သန်းကျော် ရှိပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှ  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိတွင် လူဦးရေ ၁၄၂,၈၀၀ ဦးဟာ  မြန်မာနိုင်ငံမှ အာရှဖစိဖိတ်ဒေသတွင်းနိုင်ငံများတွင် ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ (၂) နှစ်တာကာလအတွင်း စစ်ကောင်စီဟာ   အရပ်သားပစ်မှတ်များနဲ့   အခြေခံ အဆောက်အအုံများအပေါ် ပစ်မှတ်ထားတဲ့  လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေဟာ  ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (Internally displaced person – IDP) စခန်းများ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် သာသနိကနယ်မြေများအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု ၂,၅၀၄ ကြိမ် ပြုလုပ်ခဲ့ပြီ  ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်နှုန်းခန့်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၃ ခုနှစ်ကစတင်ကာ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ   ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ လက်ရှိအချိန်အထိ ကင်းလွတ်နေပြီး  အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်နေတာကြောင့်  UNHRC အနေဖြင့်  ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ခြင်းနှင့် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများကို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့  အသက်များကို ကယ်တင်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုအား လက်နက်၊​ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်ဆိုင်ရာအသုံးအဆောင်များကို ပို့ဆောင်၊ ရောင်းချ သို့မဟုတ် လွှဲပြောင်းပေးနေခြင်းများက နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်  ဆန့်ကျင်သောရာဇဝတ်မှုများနှင့် အခြားသောရာဇဝတ်မှုများကို  အထောက်အပံ့ ပေးနေခြင်းနှင့် အားပေးကူညီနေခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့်  နိုင်ငံတကာအနေနဲ့ နိုင်ငံတစ်ဝန်းက အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့  စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းကို လျှော့ချရန်အတွက် စစ်ရေးအရအသုံးပြုသည့် လေယာဉ်ဆီ ထောက်ပံ့ခြင်းကို ပိတ်ဆို့အရေးယူရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ဆို့မှုတစ်ရပ်ကို ချမှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

‘ဒါ့ကြောင့် UNHRC အနေနဲ့  အောက်မှအထက်သို့ဦးတည်ကာ  ဖက်ဒရယ်ဒီမိုကရေစီကို အုတ်မြစ်ချဖို့ ပြည်သူတွေရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့အတူ   “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု၊ အားလုံးပါဝင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာရေး မျှော်မှန်းချက်များ” ကို အပြည့်အဝ ထောက်ခံပံ့ပိုးပေးသွားဖို့ အလေးအနက်တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာက ဖော်ပြလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့်ပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေးဖိတ်တဲ့ကိစ္စ ဝန်ကြီးချုပ်အနေနဲ့ ကြေလည်စွာဖြေရှင်းပေးဖို့ ထိုင်းလွှတ်တော်မှာ တောင်းဆို

ငလျင်ဒဏ်သင့်နေတဲ့ မြန်မာပြည်သူလူထုအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘန်ကောက်မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေး ဖိတ်ကြားတဲ့ကိစ္စ ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ် အနေနဲ့ သေချာရှင်းလင်းပေးဖို့ ဧပြီလ ၃ ရက် ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။ 
Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်နေ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။ 
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်တွင် ရက်ကျော်နေထိုင်သူတွေ များပြားနေမှုကြောင့် မြန်မာနိုင်ငံအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့သုံးနှုန်းပြီး လက်နက်စကြာရှင် ပူတင်နှင့် တွေ့ဆုံမှုဟာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်သည်ဟု ပြောဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။