တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားအဖွဲ့တချို့က နိုင်ငံနဲ့  ပြည်သူအပေါ် မှန်ကန်တဲ့သဘောထားမရှိဘဲ နိုင်ငံရဲ့ မတည်ငြိမ်မှု အခြေအနေကို အခွင့်ကောင်းယူနေတယ်လို့လည်း မင်းအောင်လှိုင်က  ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာပြောကြားလိုက်တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှု ရလဒ်ကို ပယ်ဖျက်ခဲ့တဲ့ အခြေအနေတွေကို  တိုင်းရင်းသားတွေက အမှန်အတိုင်းသုံးသပ်လက်ခံနိုင်မှုမရှိခဲ့ဘူးလို့ မဲစာရင်းအကြောင်းပြ အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က ဆိုပါတယ်။ 

တချို့သောသူတွေက အာဏာကို အဓမ္မနည်းနဲ့ လိုချက်တပ်မက်တဲ့ ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုတွေကနေ စတင်ခဲ့ရာက လက်ရှိမှာ နိုင်ငံမတည်မငြိမ်ဖြစ်နေတယ် လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ 

စစ်တပ်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်ရေး NCA ပါ သဘောတူညီချက်တွေအတိုင်း စစ်တပ်က အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်မယ်လို့ မကြာခဏ ပြောကြားလေ့ရှိပြီး မကြာခဏဆိုသလို တိုင်းရင်းသား လက်နက်ကိုင်တွေကို ပြစ်တင်ဝေဖန်ပြောဆိုမှုတွေလည်း ပြုလုပ်လေ့ရှိပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဟာ ငြိမ်းချမ်းရေးကို မလိုလားသူတွေလို့ ပြောဆိုကာ သူ့ဘက်က ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားကြောင်း နေ့စဉ် စစ်ရာဇဝတ်မှုတွေ ဆိုးရွားကျူးလွန်နေတဲ့ မင်းအောင်လှိုင်က ပြောဆိုနေတာ ပါတယ်။

0 Shares:
You May Also Like
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်မယ်လို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ရဟန်း ၂ ပါးအပါ ၁၀ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ပေါက်မှာ တောင်ကျရေလျှံပြီး ရေဘေးသင့်ခဲ့သူတွေ အကူအညီလိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံကာ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် နေအိမ်အစားထိုးဆောက်လုပ်ရေးအပြင် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

၂၀၂၄ ဟာ တော်လှန်ရေးအင်အားစုတွေ သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနှစ် ဖြစ်ခဲ့၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို လိုက်နာနိုင်ပါက စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ဆို

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။