ရန်ကုန်မြို့က အမေရိကန်ဒေါ်လာသန်း ၁၃၀ ကုန်ကျမယ့် ပန်နီဆူလာဟိုတယ်စီမံကိန်းကို  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  Nikkei Asia သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲတဲ့ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့မှု ဖြစ်ပေါ်ပြီးတဲ့နောက် အခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ရေးသားထားပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေအားလုံးကို စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့လယ်က မီးရထားရုံးချုပ်အဆောက်အအုံကို ဟိုတယ်အဖြစ် ပြုပြင် မွမ်းမံတည်ဆောက်မယ့် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေအားလုံးကို ဆုံးရှုံးငွေအဖြစ်သတ်မှတ်ကာ စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

ပန်နီဆူလာ စီမံကိန်းကို အကောင်အထည်ဖော်မယ့် ကုမ္ပဏီအုပ်စုဟာ ရန်ကုန်မှာတင်မက မိခင်ဟောင်ကောင်မှာလည်း စီးပွါးရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုရပ်ဆိုင်းဖို့ဆုံးဖြတ်ရခြင်းလည်း ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ထုတ်ပြန်ချက်အတွင်း ရန်ကုန်မြို့ရှိ စီမံကိန်းတွေဟာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ရပ်တန့်နေပြီး အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ရဲ့ ခရီးသွားလုပ်ငန်း အလားအလာ လည်း ကောင်းမွန်မှုမရှိတာကြောင့် ဆက်လက်မလုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်းနေရာက Peninsula Hotel စီမံကိန်းမှာ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings နဲ့ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် First Myanmar Investment တို့ရဲ့ အထင်ကရလုပ်ငန်းရှင် Serge Pun (ခေါ်) ဦးသိမ်းဝေ ကလည်း ပါဝင်ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

မြန်မာ့မီးရထားရုံးကို ဟောင်ကောင်နဲ့ ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစုက ရှယ်ယာ ၇၀ ရာခိုင်နှုန်း နဲ့ Yoma Group က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာဖြစ်ပြီး ရိုးမအုပ်စုရဲ့ ဦးသိမ်းဝေကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

ရုရှားနှင့် လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို အရပ်ဘက်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar တောင်းဆို

စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့  Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှား ဆို

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား လက်မှတ်ထိုး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။