မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်က ၅ ယောက် သေပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO / PIA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်က အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်စခန်းနဲ့ တစ်မိုင်ခွဲခန့်အကွာ၊ ပုသိမ် – မုံရွာ ကားလမ်းမကြီး တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီက တွဲကားတွေနဲ့ ပုံဖျက်ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) ၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် ( PIO / PIA ) ပူးပေါင်းတပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က MA 15 အလတ်စား စက်သေနတ်( ငါးကြင်းမြှီး ) ၊ RPG၊ 40 မမ ဗုံးပစ်လောင်ချာ၊ Drone တွေ အသုံးပြုပြီး ပြန်လည်ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၅) ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်မှာလည်း အထက်မင်းလှမြို့နယ်၊ ပုသိမ် – မုံရွာ ကားလမ်းပိုင်း၊ ရှမ်းတပ်ကြီးရဲစခန်းကနေ ချဉ်းကပ်ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အနီးကပ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ရက်ဆက် တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း သရက်မြို့အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ ၁၂ က စစ်ကူပေးဖို့ လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ စစ်ကားဟာ မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာအနီး မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လိုက်ပါစီးနင်းလာတဲ့ စစ်သား ၈ ယောက်ထဲက ၂ ယောက်သေကာ ၆ ယောက် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုသိမ် – မုံရွာ လမ်းမကြီးမှာ ခရီးသွားလာ လှုပ်ရှားနေတဲ့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်‌နေမှုတွေ၊ စစ်ကောင်စီတပ် အခြေချရာနေရာတွေနဲ့ နီးကပ်စွာနေထိုင်တာတွေ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ သွားလာနေထိုင်တာတွေ၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပုံဖျက်သယ်ဆောင်ပေးမှုတွေ စတာတွေကို မပြုလုပ်ဖို့လည်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် ( PIO / PIA ) က အသိပေး ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ရပ်ကွက်ထဲ ဗိုလ်ကျသည့် တောင်ဒဂုံက အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ၊ သေဆုံးမှုများ ရှိနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရပ်ကွက်နေပြည်သူတွေအပေါ် အမြဲအနိုင်ကျင့်နေတဲ့ (၁၄၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗန်းမော်မြို့တွင်းကို KIA နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထား၊ စစ်ကောင်စီရဲ့ အမှတ် ၄၇ တပ်ရင်းအနီးရှိ အကျဥ်းထောင်က အကျဥ်းသားတွေပါ လွတ်မြောက်သွား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေရာယူထားပြီး ဗန်မော်မြို့ရဲ့အကြမ်းဖက်စစ်တပ် ဗျူဟာအမှတ် ၄၇ တပ်ရင်းအနီးမှာရှိတဲ့ အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကအပါအဝင် အကျဥ်းသားအချို့ပါ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗန်မော်ဒေသခံတွေဆီက သိရပါတယ်။
Read More

မွန်အားလုံးကို ကိုယ်စားမပြုနိုင်သည့် စစ်ကောင်စီ၏ လောင်းရိပ်မိ မွန်အမျိုးသားညီလာခံ

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ 
Read More

TNLA ထိန်းချုပ်ရာ နမ့်ခမ်းကို လေကြောင်းကနေ ၃ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရကာ ၂ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။