စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း လူငယ်လူရွယ်တွေကို ၎င်းတို့ရဲ့သဘောဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ စုဆောင်းမှုဟာ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) အထိရောက်ရှိလာတာဖြစ်ပါတယ်။

နေပြည်တော်အပါအဝင် တိုင်းစစ်ဌာနချုပ် ၆ ခုမှာ စတင်လိုက်တဲ့စစ်မှုထမ်း အပတ်စဥ် (၁၀)သင်တန်းမှာလည်း တစ်ဦးချင်းစီရဲ့ သဘောဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မစုဆောင်းခံရသူ လူငယ်လူရွယ်အများစု ပါဝင်လာခြင်း ဖြစ်ပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေအယောက် (၅၀၀၀) ခေါ်ယူမယ်လို့ ကနဦး ပြောကြားထားပေမယ့် အပတ်စဉ်(၅) နောက်ပိုင်းမှစတင်ကာ သတ်မှတ်ထားတဲ့ အရေအတွက်မပြည့်မှီဘဲ စစ်သင်တန်းတွေက စတင်နေရတယ်လို့ CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီအရာရှိတွေက ပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ်တိုင်း စစ်ကောင်စီဟာ လူအင်အား အများဆုံး ၄၀၀၀ လောက်အထိသာ စုဆောင်းနိုင်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ အစီရင်ခံစာအချို့မှာလည်း ဖော်ပြထားပါတယ်။

တပ်သားသစ် စုဆောင်းခံရသူတချို့ကတော့ စစ်ကောင်စီ စေလွှတ်တဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ မြေပြင်မှာ အသီးသီးခိုလှုံမှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မေလမှာ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ရာ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ စာရင်းတွေအရ အရပ်သားပြည်သူ ၁၂,၆၅၅ ယောက်ကို သူတို့ရဲ့ သဘောဆန္ဒမပါဘဲ စစ်တပ်က ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့တယ်လို့ SRD ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

အပတ်စဉ်တစ်ခုကို နိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်သားသစ် ၅၀၀၀ အထိ စုဆောင်းကာ လက်ရှိ အပတ်စဉ်(၁၀) အထိ စစ်မှုထမ်းအင်အား ၄၅၀၀၀ အထိ အဓမ္မစုဆောင်းထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီး ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ စစ်သည်အင်အား သောင်းဂဏန်းထက်မနည်း သေဆုံးသွားခဲ့ပေမယ့် စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁၀) အထိ ပြန်လည်စုဆောင်းထားနိုင်မှုက အယောက် ၄၅၀၀၀ အထိရှိတာကြောင့် စစ်တပ်ဟာ ဆုံးရှုံးသွားတဲ့ စစ်အင်အားကို ပြန်လည်စုဆောင်း ထားနိုင်ပြီဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်မှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး အဖွဲ့ဝင်နဲ့ ရဲဒုတပ်ကြပ် စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၉)နှစ်အရွယ် ယောကျ်ားလေး (၁) ဦး သေဆုံး၊ (၁၁) နှစ်အရွယ် မိန်းကလေး ၂ ဦး အပါ ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် (၉) နှစ်အရွယ် ယောကျ်ားလေး (၁) ယောက် သေဆုံးပြီး (၁၁) နှစ်အရွယ် မိန်းကလေး (၂) ယောက် အပါအဝင် ပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်နေ

စစ်ဘေးကြောင့် ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေး ကင်းလှည့် စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြီးလှုပ်မည်ဟု သတင်းဖြန့်ဝေခဲ့သူကို စစ်ကောင်စီ ဖမ်းဆီး

ဧပြီလ၂၁ ရက်မှာ ကြီးမားတဲ့ ငလျင်ကြီးထပ်လှုပ်မယ်လို့ TikTok ကတဆင့် ပြောကြားခဲ့သူ နိုင်ကျဉ်းဟောင်းတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။