ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။

တရားမဝင်လုပ်ငန်းတွေအနေနဲ့ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထားပြီး ဘုရားသုံးဆူကနေ ထွက်သွားဖို့ အဲဒီမှာ နယ်မြေထိန်းချုပ်မှု ရရှိထားတဲ့ DKBA တပ်က အစောပိုင်းမှာ အမိန့်ထုတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်က စတဲ့ ထိုင်းရဲ့ အရေးယူမှုအစီအစဉ်ဟာ ဘုရားသုံးဆူက လူပေါင်း ၅သောင်းကျော်ကို ထိခိုက်စေခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဘုရားသုံးဆူမှာရှိတဲ့ အဆောက်အဦး ၄ခုပိုင်တဲ့ပိုင်ရှင်တွေက တရုတ်လူမျိုးတွေဟာ အဲဒီနေရာတွေကို တစ်လ ဘတ်ငွေ ၂ သိန်းကနေ ၈ သိန်းအထိပေးပြီး တစ်နှစ်ထက် ပိုမိုငှားရမ်းခဲ့ကြောင်း၊ အငှားစာချုပ်ကို ၆ လတစ်ကြိမ် သက်တမ်းတိုးခဲ့ကြောင်း ပြောဆိုပါတယ်။

အဆိုပါ တရုတ်တွေဟာ အဆောက်အအုံတွေကို ရုံးခန်းတွေနဲ့ နေအိမ်တွေအဖြစ် မွမ်းမံခဲ့ပြီး အချိန်ပြည့် အစောင့်တွေ တင်းတင်းကြပ်ကြပ် ချထားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဘက် ကန်ချနပူရီခရိုင် Sangkhla Buri ခရိုင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်တွေ ဆုတ်ခွာသွားပြီးနောက် စွန့်ခွါသွားတဲ့ အဆောက်အဦ အများအပြားထဲက တစ်ခုကို ဗုဒ္ဓဟူးနေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ Piyarach Chongcharoen)

တရုတ်လူမျိုး ၂၀၀ ကနေ ၃၀၀ လောက်အထိ နေထိုင်တယ်လို့ ယူဆရတဲ့ အဲဒီအဆောက်အအုံတွေကို ပိုင်ရှင်တွေအနေနဲ့ ဝင်ခွင့်မရကြောင်း၊ အဆောက်အဦးမှာရှိတဲ့ လူတိုင်းအတွက် တရုတ်ဝန်ထမ်း‌တွေက အစားအစာပြင်ဆင်ပေးရကြောင်း ပိုင်ရှင်တွေက ပြောပါတယ်။

နောက်ဆုံးဖြစ်ပေါ်တိုးတက်ချက်အရ တရုတ်အိမ်ငှားတွေဟာ ဆက်သွယ်ရေးစက်တွေ၊ လျှပ်စစ်တွေနဲ့ လေအေးပေးစက်တွေကို ဖယ်ရှားခဲ့ပြီး ငှားရမ်းစာချုပ်တွေ ရပ်ဆိုင်းကာ အဆောက်အဦးတွေကနေ ထွက်ခွာသွားခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဒေသခံတွေရဲ့အဆိုအရ အဲဒီတရုတ်အိမ်ငှားတွေဟာ ဘုရားသုံးဆူကနေ ၁၀ ကီလိုမီတာအကွာ အခြားနေရာကို ပြောင်း‌‌ရွှေ့သွားကြောင်း၊ ဘုရားသုံးဆူက ဈေးတွေမှာလည်း တရုတ်တွေနဲ့ မတိုးနေတော့သလို တရုတ်လုပ်ငန်းတွေလည်း မြို့ကို စွန့်ခွာသွားကြောင်း သိရပါတယ်။

အစောပိုင်းက အဆိုပါတရုတ်ရွှေ့ပြောင်းတွေဟာ စားသောက်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေနဲ့ ဂိမ်းစင်တာတွေ လုပ်ကိုင်ဖို့ဆိုပြီး ဘုရားသုံးဆူက အဆောက်အအုံတွေနဲ့ ဆိုင်အများအပြားကို ဝယ်ယူ ငှါးရမ်းခဲ့ကာ သူတို့ရဲ့ ငွေလိမ်လုပ်ငန်းတွေအတွက် ဟန်ပြလုပ်ကိုင်ခဲ့ပါတယ်။ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ အားလုံးနီးပါး ပိတ်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ DKBA က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံခြားသား ၂၆၁ ယောက်ကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုင်းရဲ့ပိတ်ဆို့မှုတွေကြောင့် တရားမဝင်စီးပွားရေးတွေ ထိခိုက်လာမယ်ဆိုရင် လာမယ့်ရက်တွေအတွင်း လူပေါင်း တစ်သောင်းကျော် ပြန်လွတ်လာနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

မူရင်းသတင်း – Chinese-led scam gangs leave Payathonzu

0 Shares:
You May Also Like
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရုရှား လေတပ်စခန်းများကို ယူကရိန်းက Web Operation အဖြစ် ဒရုန်းများဖြင့် တိုက်ခိုက်၊ ရုရှားစစ်လေယာဉ် ၄၀ ကျော် ပျက်စီးဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွား၊ အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေ…

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်က ဖလန်ဆောင်ရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ တည်ဆောက်နေတဲ့ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် သေဆုံးကာ အယောက် ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

အီတလီလွှတ်တော်မှာ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် ပြောဆိုခဲ့

အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။