စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ကလေးမြို့ တောင်ဘက် မိုင် ၃၀ ခန့်အကွာက ကမ်းပါးနီတပ်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး ၂၀ ကျော်အရှင်ဖမ်းမိခဲ့သလို လက်နက်မျိုးစုံ ၄၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ကမ်းပါးနီ စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုမှ သိမ်းဆည်းရရှိသည့် လက်နက်များ

ကလေးနဲ့ ဂန့်ဂေါအကြား တည်ရှိတဲ့ ကမ်းပါးနီ စစ်အုပ်စုစခန်းဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့ ထိစပ်ရာ နေရာတစ်ခုဖြစ်ပြီး စစ်အုပ်စုအတွက် အရေးပါတဲ့ စစ်တပ်စခန်း ဖြစ်ပါတယ်။

အဆိုပါတပ်စခန်း မကျရေးအတွက် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ ခုခံခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကမ်းပါးနီတပ်စခန်းနဲ့ အနီးတဝိုက်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရာနဲ့ချီပြုလုပ်ခဲ့တာကြောင့် အနီးအနားဝန်းကျင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၅၀၀၀ ခန့် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ကမ်းပါးနီ စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုမှ သိမ်းဆည်းရရှိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NCA ၁၀ နှစ်ပြည့်ပွဲ တက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့ဟု စစ်တပ်ထုတ်ပြန် 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA) ရဲ့ ၁၀ နှစ်ပြည့်ပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမှာ စစ်ကောင်စီတပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် တော်လှန်ရေးရဲဘော် ၂ ဦး၏ စျာပန

ကရင်နီပြည်ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တယ်လို့ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။