မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက်ဟာ G3 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ အတောင့် ၁၂၀ တို့ကို ယူကာ ဇန်နဝါရီလအတွင်း KPLA -B 9425 ဆီ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းချိန်ကစလို့ ပြည်သူတွေ ရိုက်နှက်၊ ပစ်ခတ်၊ မတရားဖမ်းဆီးတာတွေကို အကြိမ်ကြိမ် မြင်တွေ့နေရတဲ့အတွက် မခံမရပ်နိုင်လို့ တော်လှန်ရေးအဖွဲ့ဆီ ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ဒုတပ်ကြပ်ကို ငွေကျပ် သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အရာရှိ၊ တပ်သားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီ ဘက်ပြောင်းခိုလှုံဖို့ KPLA – 9425 တပ်ရင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှာ ငလျင်ဘေး၊ မီးဘေးနဲ့ စစ်ဘေးသင့် ပြည်သူများကို ကုန်ခြောက်ရိက္ခာများ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးသင့်၊ မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းမြို့နယ်အခွန်တော်အရာရှိနဲ့ တာဝန်ရှိသူတွေက ဆန်၊ ဆီနဲ့ ပဲတွေ ပေးပို့ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ငလျင် ထိခိုက်ပျက်စီးမှု အခြေအနေ နိုင်ငံတကာ သတင်းဌာနများ လာရောက်သတင်းယူခြင်း စစ်ကောင်စီ ခွင့်မပြု

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ မြေငလျင်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို နိုင်ငံတကာ သတင်းထောက်တွေ သတင်းရယူနိုင်ရေး တောင်းဆိုနေတာကို အကြမ်းဖက်စစ်ကောင်စီက ခွင့်မပြုနိုင်ကြောင်း မတ်လ ၃၀ ရက်က ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။
Read More

အုတ်တွင်းမှာ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ကင်းလှည့်အဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ ထံက သိရပါတယ်။ 
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။