မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်ဝန်းကျင်လောက်က သဘွတ်ကုန်းကျေးရွာကို စစ်မှုထမ်းဖို့ စာရင်းဆိုပြီး စစ်တပ်က လာပေးသွားရာ အဲဒီစာရင်းထဲက လူဦးရေ ၁၈၉ ယောက်ထဲမှာ ကျေးရွာက စာဝါလိုက်နေတဲ့ ငယ်ဖြူ သံဃာ ၂ပါး ပါဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

“ခုထိတော့ စာရင်းထဲက သူတွေကို လာမခေါ်ကြသေးပါဘူး၊ သံဃာ ၂ ပါးရဲ့ သက်တော်… ဘွဲ့တော်… သတင်းသုံးနေတဲ့ ကျောင်းတွေ စုံစမ်းနေဆဲပါပဲ” လို့ Voice of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အဲဒီ သဘွက်ကုန်းကျေးရွာဟာ အိမ်ခြေ ၈၀၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး အာဏာသိမ်းပြီး ကာလကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ချင်တဲ့သူ မရှိတာကြောင့် ဘုန်းကြီးကျောင်းက ဆရာတော်တွေက အုပ်ချုပ်ပေးနေရတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်သားတွေ ကား ၂စီး၊ ဆိုင်ကယ် ၂ စီးနဲ့ သဘွတ်ကုန်းကျေးရွာဘက်ကို လာနေချိန် ကင်းစောင့်နေတဲ့ ရွာသားတွေက သံချောင်းတီးအချက်ပေးတာကို စစ်သားတွေကြားသွားတာကြောင့် ကျေးရွာထဲဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီး ရမ်းကားသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

“ရွာအဝင်တွေမှာ တံခါးပေါက်တွေလုပ်ပြီး ကင်းအလှည့်ကျစောင့်စနစ်နဲ့ အချက်ပေး သံချောင်းတွေ လုပ်ပေးထားတယ်၊ အဲ့နေ့က အချက်ပေးတာ စစ်သားတွေ ကြားသွားတော့ ရွာတံခါးသော့ကိုလည်း ဖျက်ပြီးဝင်တယ်၊ ရွာထဲက စျေးဆိုင်တစ်ဆိုင်ကိုလည်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးတယ်၊ ရွာထဲက သဲတောစျေးမှာ စျေးသွားရောင်းနေကျ လူတစ်ဦးကိုလည်း ဖမ်းသွားတာ၊ အဲ့ညက ရွာခေါင်းဆောင်ဆရာတော်နဲ့ အဲ့စစ်သားတွေ ပြဿနာတက်ကြတယ်” လို့ Voice of Wundwin တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီဟာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို တရားမဝင် ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။ 

အစပိုင်းမှာ စစ်မှုထမ်းစာရင်းထဲ သံဃာတော်တွေနဲ့ အမျိုးသမီးတွေကို ကင်းလွတ်ခွင့်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ စစ်မှုထမ်းစာရင်းထဲ သံဃာတော်တွေ ပါဝင်လာသလို အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ နာမည်စာရင်းတွေ စတင်ကောက်ခံနေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည် တိုက်ပွဲမှာ နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDF အမှတ် (၉၀၁)တပ်ရင်းဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့နယ် စစ်ကောင်စီ အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို KIA PDF ပူးပေါင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ အဓိကကျတဲ့ ကာကင်းစခန်း ၂ခုလုံးကို KIA PDF တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပျူရွာအတွက် ရိက္ခာလာပို့သည့် စစ်အုပ်စု လက်နက်ကြီးပစ်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ Chaung U Revolution News – CRN ထံက သိရပါတယ်။
Read More

ဗန်းမောက် မြို့သိမ်းတိုက်ပွဲ ၆ ရက်မြောက်တွင် တော်လှန်ရေးတပ်များ မြို့ကို ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရပ်စောက်မှာ DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။