ပြည်သူတွေအပေါ် လူ့အခွင့်အရေးအရ ကျူးလွန်ဖောက်ဖျက်မှုတွေရှိရင် အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန် အသိပေးလိုက်ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်ဖွဲ့၀င်တွေအနေနဲ့ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်တာ၊ လူ့အခွင့်‌အရေးချိုးဖောက်တာ၊ စစ်ဘက်ဆိုင်ရာ ကျင့်၀တ်စည်းကမ်းဖောက်ဖျက်တာတွေ တွေ့ရှိရင် တိုင်ကြားနိုင်တဲ့ ဒစ်ဂျစ်တယ် ချန်နယ်တွေကို ထုတ်ပြန်လိုက်တာပါ။

အညာမှာ စစ်ဒေသတွေတိုးချဲ့နေပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲကာ တိုက်ပွဲတွေဖော်ဆာင်မယ့် BPLA အနေနဲ့ တပ်ဖွဲ့ဝင်တွေ များပြားလာတာကြောင့် စည်းကမ်းပိုင်းဆိုင်ရာ အထူးအလေးအနက်ထား ကိုင်တွယ်နေတယ်လို့လည်း သိရပါတယ်။

ပြည်သူတွေအနေနဲ့ တိုင်ကြားချင်ရင် ကွပ်ကဲရေးရုံးရဲ့ Email ဖြစ်တဲ့ bplapoliticaloffice@gmail.com ၊ Telegram အကောင့်ဖြစ်တဲ့ @bpla-politicaloffice ၊ Signal အကောင့်ဖြစ်တဲ့ bpla-politicaloffice.1 တွေကို တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

BPLA ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေတယ်လို့ AA ထုတ်ပြန်

အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ကျန်ရှိတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ဦးမြို့နယ် ပကဖ ရဲ့ လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ပုဂံပြည်ဘီလူးတပ် (ညောင်ဦး ပကဖ) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါးနှင့် သာမဏေ ၄ ပါး အပါ အရပ်သား (၉) ဦး သေဆုံး၊ (၁၇) ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါးနဲ့ သာမဏေ ၄ ပါး အပါအဝင် အရပ်သား (၉) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မနက်ပိုင်းမှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။