တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ T 5 Wings က ထုတ်ပြန်ထားပါတယ်။

သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာနဲ့ သဲလမ်းရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်စဉ်

ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အများအပြား ထိခိုက် သေဆုံးမှုရှိပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ T 5 Wings က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို T5 wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့နဲ့ SKY GHOST DRONE FORCE တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

CDM ဝန်ထမ်းများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုကြောင်းနှင့် တရားမျှတမှု ဆောင်ကျဉ်းပေးကြဖို့ တိုက်တွန်းကြောင်း NGU CDM Success Committee ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ CDM Success Committee က စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ပြည်သူတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

တနင်္သာရီမြို့နယ်အနှံ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့မှာ ဇန်နဝါရီလက စပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် ပျူရွာ ဘန်ကာအနီးထိ တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ပစ်ရင်း တိုက်ပွဲဖြစ်၊ ပျူစောထီး ကင်းမှူး ၁ ဦး သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်း က သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ ပျောက်ကြား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်ပျူစောထီး ၁ယောက် သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံး…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။