ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ ချိကွဲ့ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ Bawlakhe PDF က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲပိုင်းမှာ ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ပေါင် ၅၀၀ ဗုံးနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီက နေ့စဥ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ စစ်ရေးအသိ၊ စစ်ရေး သတိရှိဖို့ Bawlakhe PDF က သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ပြီးခဲ့တဲ့လမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၃၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီလို့ NUG အသိပေး

NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

သာဂေါင်(ရွာမ)တွင် စစ်ကောင်စီတပ်များ ခေါင်းဖြတ်ချိတ်ဆွဲထားမှု အပါအဝင် မီးရှို့သတ်ဖြတ်ထားသည့် အလောင်း ၆ လောင်း တွေ့ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ရွာမှာ စစ်ကောင်စီတပ်တွေ ခေါင်းဖြတ် ချိတ်ဆွဲသွားတဲ့ အလောင်းအပါအဝင် မီးရှို့သတ်ဖြတ်ခံထားရသူ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေကတွေ့ရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ က ထုတ်ပြန်ပါတယ်။