ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။

တတိယအကြိမ် လေလံပွဲအဖြစ် နေအိမ်ခြံအမှတ် ၅၄ကို ကျပ် ၂၉၇ ဘီလီယံနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၁၀ နာရီကျော်လောက်မှာ ရောင်းချခဲ့တာဖြစ်ပြီး ဝယ်ယူမယ့်သူ ထွက်ပေါ်မလာခဲ့ပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဒေါ်ခင်ကြည်ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် (၅၄) နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း လေလံကြမ်းခင်းဈေးအဖြစ် ကျပ်ငွေ ဘီလျံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့တုန်းကလည်း လေလံဆွဲမယ့်သူ မရှိခဲ့ပါဘူး။

ပထမဆုံးအကြိမ် လေလံတင်ရောင်းချပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က အဆိုပါခြံရှေ့မှာ ပြုလုပ်ခဲ့ပြီး လေလံဆွဲမယ့်သူမရှိတာကြောင့် လေလံပွဲ အောင်မြင်ခြင်းမရှိဘဲ ရုပ်သိမ်းခဲ့ရပါတယ်။

ခြံအမှတ် ၅၄ ရဲ့ ဧရိယာအကျယ်အဝန်းမှာ ၁ ဒဿမ  ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒဿမ ၈၈ ပေရှိတာ ဖြစ်ပါတယ်။

အဆိုပါ ခြံအမှတ် (၅၄) ဟာ ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ခြံကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေခွဲဝေဖို့ လျှောက်ထားမှုအပေါ် ၂၀၁၆ ခုနှစ်မှာ  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်နဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦး အသီးသီး ခွဲဝေရယူဖို့ ကနဦး အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အထူးအယူခံ ဆက်လက်လျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခြံအမှတ် ၅၄ နဲ့ ပတ်သက်လို့ အမွေခွဲဝေမှုကို ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း ခွင့်ပြုတယ်လို့ဆိုပါတယ်။

အဲဒီကာလမှဦ စစ်တပ်က နိုင်ငံကို အာဏာသိမ်းထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ခြံအမှတ် (၅၄) ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင် ရောင်းချမှု ၃ ကြိမ်အထိ ရှိခဲ့ပြီး လေလံဆွဲဝယ်ယူမယ့်သူ မပေါ်ထွက်လာသေးပါဘူး။

0 Shares:
You May Also Like
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်မှ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၁) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။