ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက တပ်ခွဲအသီးသီးမှာရှိတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးနဲ့အတူ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ မျက်နှာစုံညီအစည်းအဝေးမှာ ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ကလေးသူငယ်တွေအတွက် လစဥ်ထောက်ပံ့ဖို့ လုပ်ငန်းစဉ်တွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေ စီစဥ်ဆောင်ရွက်ပေးနိုင်ဖို့ လုပ်ငန်းစဥ်တွေ ချမှတ်ခြင်းနဲ့ ပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းရဲ့ တပ်ခွဲအသီးသီးက ရဲဘော်တွေရဲ့ မိသားစုဝင်တွေကလည်း (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူး၊ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်မှူးကေဒါတွေနဲ့ အပြန်အလှန်မိတ်ဆက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်သား ၃ ဦး အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG အောက်မှ ခွဲထွက်လာသည့် ဂဠုန်စစ်ကြောင်း MLA ထံ ပူးပေါင်း 

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ထံကို တော်လှန်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဂဠုန်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး အလုံးစုံ ပူးပေါင်းလာခဲ့တယ်လို့ MLA ကမနေ့က ဖေဖော်ဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

လောင်းလုံးမှာ နတ်ပွဲအကြောင်းပြ လုပ်စားနေတဲ့ လောင်းကစားဝိုင်းတွေကို ပကဖ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
Read More

သေချင်ချင် မသေချင်ချင် အတင်းသေခိုင်းပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ စစ်ကောင်စီ၊ မောင်တောတိုက်ပွဲမှာ ထွက်ပြေးရင်း မိုင်းနင်းမိကာ သေဆုံးတဲ့ အောင်နေမျိုး သူရဲကောင်း မှတ်တမ်းဝင်ခဲ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။