မကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ဘုန်းကံရွာသို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ် ကြောင်းကို ဇန်နဝါရီ ၃၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက် ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းဟာ ဗင်းဂံအနီးတစ်ဝိုက်ရှိ ရေကန်အနီး နားနေချိန် ရော့ကတ်တွေနဲ့ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုကို အတိအကျမသိရသေးဘဲ စစ်ကြောင်းကို ၅ ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီရော့ကတ်ပစ်ခတ်မှုကို ဘာမထီအဖွဲ့နဲ့ စုံကြီးအဖွဲ့၊ နယ်ခံမဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒေါက်တာဇော်မြင့်မောင် စျာပနလိုက်ပါပို့ဆောင်သူတွေကို စစ်ကောင်စီလက်အောက်ခံတွေ ပူးပေါင်းပြီး တားဆီးပိတ်ပင် (ရုပ်/သံ)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးစျာပနကို လိုက်ပါပို့ဆောင်ကြသူတွေကို စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ၊ ရဲ၊စစ်သားနဲ့ပျူစောထီးတွေ ပူးပေါင်းပြီး တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။
Read More

ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People's Democratic Army ထံက သိရပါတယ်။
Read More

ဝန်းသိုမြို့နယ် ပကဖ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ထုတ်ပြန်ပြသ (ရုပ်/သံ)

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ က အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ပြည်သူလူထူထံ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ဖယ်ခုံမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးမှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာအုပ်စု မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်စီးနေတဲ့ မှတ်တမ်းရုပ်သံကို ပအိုဝ်းဒေသတွင်း မတရားမှုတွေကို ဖော်ထုတ်နေတဲ့ Pa-O LOYWEl Facebook ပေ့ချ်ကနေ ဖော်ပြခဲ့ပါတယ်။ 
Read More

ငဖဲတွင် လက်နက်ခဲယမ်းသယ်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၇ ဦး သေပြီး သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Asho ထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မဆုတ်တမ်းခံစစ်မော်ခီးတပ်စခန်း မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မော်ခီးမဆုတ်တမ်းခံတပ်စခန်းကို KNLA ပူးပေါင်း တပ်တွေက မေလ ၃၀ ရက် နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။