စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးခံရထားရတဲ့ အမေ့ကို လွှတ်ပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက စာရေးသားတောင်းဆို ချက်ကို ယူကေရှိ မြန်မာသံရုံးသို့ သွားရောက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
”ဒီနေ့ မေမေ့ကို မတရားထိန်းချုပ်ထားတာ (၄)နှစ်ရှိပါပြီ။ ယူကေမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို သွားရောက်ပြီး မေမေနဲ့ တွေ့ခွင့်ပေးဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ ရေးသားထားတဲ့စာ သွားရောက်ပေးအပ်ခဲ့တယ်”လို့ ကိုထိန်လင်းက ဆိုပါတယ်။
ကိုထိန်လင်းက လူခေါ်ခေါင်းလောင်းကို အကြိမ်ကြိမ်နှိပ်ခဲ့ပေမယ့် တံခါးမဖွင့်ပေးခဲ့ဘဲ စာကို လက်မခံခဲ့တဲ့အတွက် စာကို သံရုံးထဲကို ထည့်ပေးခဲ့ပြီး စာကို မြန်မာသံရုံးရှေ့မှာ ဖတ်ပြခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

Myingyan Black Tiger ရဲဘော်တွေရဲ့ “ဗရုတ်သုက္ခ သင်္ကြန်သံချပ်” (ရုပ်/သံ)

မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) ရဲဘော်တွေက တော်လှန်သင်္ကြန်သံချပ်ကို မိဘပြည်သူများအား ယခုလိုပဲ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
Read More

ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ KNDF ဒု-စစ်ဦးစီးချုပ် ကိုမာဝီ တိုက်တွန်း

ကရင်နီပြည်နယ် ဝင်ပေါက်တွေဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းပေါ်မှာရှိတဲ့ KNDF B-03 နဲ့ MB PDF(1001) တပ်ရင်းတွေရဲ့ ခဲယမ်းလိုအပ်ချက်တွေကို ထောက်ပံ့ပေးကြဖို့ KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ယခုလိုတိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။