မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ဇရပ်ကြီးရွာ အထက ကျောင်းအနီး ဇန်နဝါရီလ ၃၀ ရက် ညပိုင်းမှာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ အဆောက်အဦးတွေ ပျက်စီးခဲ့ပေမယ့် ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
တောင်သာမြို့နယ်အတွင်း ၂၀၂၄ ဒီဇင်ဘာလ ၂၅ ရက်ကစပြီး အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေ အသုံးပြုတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၇ ယောက် ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် တောင်သာမြို့နယ်အတွင်း လေကြောင်း အန္တရာယ်ကြောင့် နေရာအနှံ့အပြား ဗုံးခိုကျင်းတွေ တူးဖို့နှိုးဆော်ထားကာ စစ်တပ်ရဲ့ လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရွာပြင် ထွက်အိပ်နေရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်စက်မှု (၂) နားရှိ တောတိုက်တွေထဲကနေ ခိုးယူဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။
Read More

ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့သည့် MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုဒုံတွင် အကြောဆေးထိုးမိသူ ၂၉ ဦး ‌ဆေးရုံတက်ရပြီး အဲဒီထဲက ၇၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက အကြောဆေးထိုးပေးပြီးတဲ့နောက်မှာ လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး အဲဒီထဲမှာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၂ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။