စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းက စစ်ကိုင်းတက္ကသိုလ်အနီးမှာ ကင်းပုန်းယူပြီးသောက်စားနေတဲ့ စစ်အုပ်စုတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ယောက် နေရာမှာတင် ပွဲချင်းပြီးသေကာ ၁ယောက် အပြင်းအထန် ထိခိုက်သွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၆ရက်၊ မနက်အစောပိုင်းက စစ်ကိုင်းမြို့၊ တပ်မ (၃၃) ကနေ ထွက်လာမယ့် စစ်ကောင်စီယာဥ်တန်းအတွက် လမ်းပိုင်းလုံခြုံရေးယူရင်း၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းပွိုင့်ထဲ ဝင်ပြီး သောက်စားနေချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

“ဖြစ်စဥ်က စစ်ကိုင်းတက္ကသိုလ်နားက အောင်ချမ်းသာရွာ ဇရပ်မှာ ဖြစ်တာပါ။ ဒီကောင်တွေ အဲ့ကိုလာတတ်တာ သတင်းကြားထားတော့ ကျနော်တို့က မိုင်းပွိုင့်တွေ ကြိုတင်ပြီး စောင့်ကြည့်နေတာပါ။ အဲ့နေ့က စစ်ကိုင်းတပ်မ ၃၃ကနေ စခကား ၇စီးကလည်း သွားမယ်။ အဲ့အချိန် စစ်ကိုင်းတက္ကသိုလ်ဝန်းထဲကနေ စခတွေထွက်လာပြီး မွိုင်းပွိုင့်ထဲ ဝင်လာတယ်။ လက်နက်တွေဘေးချပြီး သောက်စားတယ်။ အဲ့အချိန်မှာ မိုင်းခွဲလိုက်တာပါ။” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လင်းယုန်ညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်

တော်လှန်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းမြို့၊ ဇေယျာတိုးချဲ့ရပ်ကွက်က ပြည်သူ့စစ် (ပျူ) သင်တန်းဆင်း ၂ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကိုင်းတက္ကသိုလ်ထဲက စစ်အုပ်စုတွေ ထပ်ထွက်လာပြီးအနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်စဥ်က စစ်ကိုင်းတက္ကသိုလ်ရှေ့က ဂိတ်နဲ့ မီတာ ၅၀လောက်ပဲ ကွာတာဆိုတော့ မိုင်းဆွဲရုံပါပဲ။ လက်နက်နဲ့တောင် မပစ်လိုက်ရပါဘူး။ မိုင်းဆွဲပြီးတာနဲ့ ဂိတ်ကကောင်တွေ ချက်ချင်းရောက်လာကြတော့ လက်နက်ကောက်ချိန်မရဘဲ ပြန်ဆုတ်ခဲ့ရတာပါ။ အရင်​တစ်ခေါက်ကလည်း အဲ့ကောင်တွေကို စစ်ကိုင်း PDF နဲ့ ကျနော်တို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ပစ်ခဲ့ပါသေးတယ်။ ကျနော်တို့က ပြောက်ကျားဆိုတော့ အလုံးအရင်းနဲ့ ဝင်ပစ်ဖို့ထက် တစ်ကောင်ရတစ်ကောင်ဆိုသလို ဖဲ့ဖဲ့ပြီးယူနေရတာပေါ့။” လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကိုင်းမြို့အတွင်း ပြောက်ကျားတိုက်ပွဲတွေဖော်ဆောင်ရာမှာ ပြည်သူတွေရဲ့ စိုးရိမ်မှုလွန်ကဲတာတွေရှိတာကြောင့် စစ်ရေးသတိရှိဖို့ လိုအပ်တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Zomi Federal Union – ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်​မြောက်ဖို့အတွက် တိုက်ပွဲဝင်ဖို့ တည်ထောင်ခဲ့တဲ့ Zomi Federal Union - ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် သတင်းပေး မလုပ်ဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့သည့် ပျူစောထီး ဒီတစ်ကြိမ် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စစ်အုပ်စုထံ သတင်းမပေးဖို့ သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတဲ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။