ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို ယနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ရဲ့ လေကြောင်းကနေ ခရိုင်ရုံးနဲ့ ညစျေးတန်းကို ဗုံးထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

”စစ်ကောင်စီက ကျောက်မဲမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်၊ ခရိုင်ရုံးနဲ့ ညစျေးတန်းမှာကျ။ ထိခိုက်မှုများနိုင်”တယ်လို့ TNLA အရာရှိ ၁ ယောက်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးထားပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက် ခိုက်မှုကြောင့် ကျောက်မဲဆေးရုံရှိ CDM သူနာပြုဆရာမကြီး ၁ ယောက်၊ CDM ရုံးဝန်ထမ်း ၁ ယောက်၊ ပြည်သူ ၁ ယောက်သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Video – Mai Amm La Ngean

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး ၆ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၃၆ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၆ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ လမ်းဆုံတောင်ဘက်ရှိ ပြည်သူနေအိမ် ၅ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီခွဲအချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဖြူရောင်ပကဖ (ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မဟာအောင်မြေမြို့နယ်အတွင်း ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

ဆားလင်းကြီးမြို့ပေါ် စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က ရုပ်သံနဲ့တကွ မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။