ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ခုနစ်ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်း PBS က ဇန်နဝါရီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်း ရဲအရာရှိ ၄ ဦး၊ စစ်သား ၁ ဦး၊ အရပ်သား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦး ပါဝင်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းရဲ အချို့ပါဝင်တဲ့ လူဆိုးဂိုဏ်းက တရုတ်နိုင်ငံသား ၇ ဦးကို ဇန်နဝါရီ၂၃ ရက်က ဖမ်းဆီးခဲ့ပြီး အပန်းဖြေစခန်းတခုကို ခေါ်ဆောင်သွားကြောင်း၊ သူတို့ကို ဘေးကင်းကင်း ပြန်လွတ်စေချင်ရင် ငွေ‌ပေးပြီး ပြန်ရွေးဖို့ ညှိနှိုင်းလာကြောင်း လာအိုနိုင်ငံသား ၁ ဦးက ဖေ့စ်ဘွတ်ခ်ကတဆင့် တိုင်ကြားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

(ဓာတ်ပုံ The Nation)
(ဓာတ်ပုံ The Nation)
(ဓာတ်ပုံ The Nation)

အဆိုပါဂိုဏ်းဟာ ဓားစာခံတွေထဲက တစ်ဦးကို လာအိုက သူ့သူငယ်ချင်းတွေထံ ဆက်သွယ်စေခဲ့ပြီး ဘတ် ၅ သန်း ပို့ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ နောက်ပိုင်းမှာတော့ ဘတ် ၃ သန်းအထိ ညှိနှိုင်းခဲ့ကြကြောင်း သတင်းမှာ ရေးသားထားပါတယ်။

ဓားစာခံထဲက တစ်ဦးဟာ လာအိုမှာရှိတဲ့ သူငယ်ချင်းတဦးထံ လက်ကိုင်ဖုန်းကတဆင့် တည်နေရာကို ပေးပို့ခဲ့ပြီး ထိုင်းရဲတွေကို အကူအညီတောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒါကြောင့် ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးရဲတွေက အဆိုပါ အပန်းဖြေစခန်းကို ဝင်ရောက်စီးနင်းပြီး တရုတ် ဓားစာခံ ၇ ဦးကို ကယ်တင်ကာ သံသယရှိသူ ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်း – Police officers among eight arrested for kidnappings in Ubon Ratchathani

(ဓာတ်ပုံ TheThaiger)
0 Shares:
You May Also Like
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမည်မဟုတ်ဟု ကိုရီးယား လွှတ်တော်အမတ်များ မြန်မာ့အရေး ကြားနာပွဲမှာ ပြောဆို

တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယားရဲ့ အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူ ၆၅ ယောက် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိပြော

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။
Read More

မြန်မာအပါအဝင် ရာဂီမုန်တိုင်းဒဏ်သင့်ဒေသတွေကို စင်္ကာပူစစ်တပ် အကူအညီပေး

မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်က မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေကို စင်္ကာပူစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ CNA သတင်းက စက်တင်ဘာလ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။