စစ်ကိုင်းတိုင်းအတွင်း ကြေးနီသယ်ယာဉ်တွေနဲ့အတူ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သုံး ယာဉ်တွေ မုံရွာမြို့က နေ ထွက်ခွာလာတဲ့ သတင်းအရ ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာမှာ မိုင်း ဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာမှာ မိုင်းကွင်းထဲ ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ယာဉ် ၁ စီး နေရာမှာ ရပ်တန့်သွားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို နာရီဝက်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိ ရပါတယ်။

ယာဉ်ပေါ်ရှိ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲနဲ့ Nway Oo Brothers စစ်ကြောင်း၊ Eleven People Defense Force၊ ဗိုလ်နိုင် လေပွေ မုန်တိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ ( မုံရွာခရိုင်ဘတပ်ရင်း ၁၅၊ တပ်ခွဲ -၃) ၊ Royal Tiger Force (ဆားလင်းကြီး) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန် (ရုပ်/သံ)

လက်ဗလာနဲ့စခဲ့တဲ့တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကော်မရှင်တပ်အား ချေမှုန်းပြီး ပြန်လာသည့် တော်လှန်ရေးရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင်တပ်ကို ချေမှုန်းပြီး ပြန်လာတဲ့ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေရဲ့ အိမ်ပြန်ခရီးဟာ အန္တရာယ်များလှပါတယ်။ 
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

အမ်းမြို့ကို စစ်ကူသွားမယ့် ရှေ့ပြေးကင်းထောက်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံမှာ ဒီဇင်ဘာ ၂၀ ရက်က  အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ ရှေ့ပြေးကင်းထောင်စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့နယ်ကို အင်အား ရာကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။