ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း – Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် လပြည့်ဟိန်း (ခ) ဂျပန်ကြီးဟာ ဇန်နဝါရီ ၂၂ ရက် မနေ့က မိုးဗြဲမြို့ ရှေ့တန်း တိုက်ပွဲ တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျဆုံးရဲဘော်အတွက် ၁၀၀၈ တပ်ရင်းနဲ့တကွ ရဲဘော် ရဲဘက်တွေ လွန်စွာ ဝမ်းနည်းကြေကွဲခဲ့ရသလို မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အဆုံးထိ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း SSRY တပ်ခွဲ ၃ – Zarmani Force က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

တမူးမြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်အုပ်စု တိုက်ခိုက်ခံရ၊ စစ်အုပ်စုအဖွဲ့ဝင် အလောင်း ၆ ‌လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ ခလရ-၂၂၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်ရှိတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုဖက်မှ ၆ ဦးသေဆုံးပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မင်းလှမြို့နယ်က ဒေသခံထောင်ချီ စစ်ရှောင် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ

တော်လှန်ရေးတပ်တွေ အများစု စိုးမိုးထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၁) စစ်ဒေသရဲ့ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ အမှတ် (၁) စစ်ဒေသ၊ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ နောက်ဆုံးအပတ်က အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။