စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
စစ်ဌာနချုပ်အတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးမျိုးမင်းထွေး အိမ်ယာဝန်း ၊ အရာရှိကြီးနေအိမ် ၇ လုံး တန်းဝန်း ၊ ငွေစာရင်းရုံး အနီး၊ စစ်ရေးပြ (ပရိတ်) ကွင်း၊ ဇေယျာသီရိခန်းမအနီး၊ ရိက္ခာဖြန့်ဝေဌာန အနီး၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ (105 mm M2A1 Howitzer) ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ်၊ Nora B-52 155mm ယာဥ်တင် အမြှောက်ကြီးထားရာ မော်တော်ယာဥ်ရုံ အနီး၊ စစ်သည်နေအိမ် (၆ ခန်းတွဲ) ၊ အဆရ-၁၂ (အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင်၊ မဆရ-၇(စစ်မြေပြင်ဆေးတပ်ရင်း) စစ်သည် လူပျိုဆောင် ၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင် ၊ ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်ပဲ ဂိုဒေါင်နဲ့ နမခတပ်နယ် မြောက်ဘက် ၁၂၀မမ (MK-6,MK-II) အထိုင်ကာကင်းစခန်းအနီးကို ရှော့တိုက်ရော့ကတ်တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အဆရ-၁၂ ဗိုလ်ကြီး ၁ ယောက်အပါအဝင် တပ်သား ၆ ယောက်နဲ့ တိုင်း စစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ (PSO) ဗိုလ်ကြီးကောင်းခန့်ဇော်၊ တပ်ကြပ်ကြီးအပါအဝင် ၅ ယောက် စုစုပေါင်း ၁၁ ယောက်သေပြီး မီးလောင်ဒဏ်ရာရရှိသူနဲ့ အခြားဒဏ်ရာရရှိသူတွေကို သံပြားကာ ယာဉ်ဖြင့် တပ်မတော်ဆေးရုံ တဆ အမှတ် ၄/၃၀၀ ဆေးရုံနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးတို့ကို ပို့ဆောင် ခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံအရောက် ဒဏ်ရာပြင်းထန်တဲ့ စစ်သား ၄ ယောက်ထပ်မံသေဆုံးခဲ့ တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကိုချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦး ဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ) ၊ Advance-47 ၊ Chindwin Brothers ၊ ဗိုလ်မုတ်ဆိတ်တို့ ပူးပေါင်းကာ “ရမခ စစ်ရှုံးပြေး ၊နမခရောက် အရှုံးသမား တိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေးအား ဧည့်ခံကြိုဆို” စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အုတ်ဖိုမြို့နယ် ဝိုင်းရွာရဲစခန်း လက်နက်ကြီးထိမှန် မီးလောင်ကာ စစ်ကောင်စီတပ်သား ၁၅ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းအား KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့)  ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲနှင့် စစ်သား တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တစ်နေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲနဲ့ စစ်သားကို တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မောင်းပြေးသည့် ကားကို ယာဉ်ထိန်းရဲ တွဲလောင်းခိုဖမ်းဆီးသည့် ဗီဒီယိုဖိုင် လူစိတ်ဝင်စားမှု မြင့်တက် (ရုပ်/သံ)

ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ညပိုင်းက ယာဉ်စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားကို တွဲလောင်းခိုဖမ်းဆီးခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို လူစိတ် ဝင်စားမှု မြင့်တက်နေပါတယ်။ 
Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျည်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ သထုံခရိုင် အမှတ် ၇၈၀၁ တပ်ရင်းရဲဘော်တွေက ဆုတောင်းပေး (ရုပ်/သံ)

သထုံခရိုင် အမှတ် ၇၈၀၁ တပ်ရင်းမှ ရဲဘော်တွေက သီတင်းကျွတ်အခါသမယမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ နိုင်ငံရေးအကျည်းသားများအားလုံး ကျန်းမာပြီး အချုပ်အနှောင်မှာ အမြန်ဆုံးလွတ်မြောက် စေဖို့ ဆုတောင်းမေတ္တာပို့သခဲ့တယ်လို့ သိရပါတယ်။