ကချင်ပြည်နယ်၊ မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ရင်းစခန်းတွေကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံချေမှုန်းရာ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။

မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နဲ့ အမတ ၃၅၂ တပ်ရင်းတွေက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းခဲ့ရာ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းမှာ စစ်သား ၁၄၀ ခန့်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ မံစီမြို့နယ်က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ရှိအချိန်ထိ ဆက်ပြီး လိုက်လံချေမှုန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က မံစီမြို့နယ်နဲ့ ဗန်းမော်မြို့နယ်တို့ကို ဒီဇင်ဘာလ ၄ ရက်ကစလို့ KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က ထိုးစစ်ဆင်ခဲ့ရာ ဇန်နဝါရီလ ၈ ရက်မှာ မံစီမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ ၄၇ တပ်ရင်းတို့ ကျန်ရှိနေသေးတာကြောင့် အပြင်းအထန် ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ PDF ၂ ယောက် အသတ်ခံရပြီး ၃ ယောက် အဖမ်းခံရ

ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လေယာဉ်အစိတ်အပိုင်းနဲ့ နည်းပညာတွေ တင်သွင်းမှု စောင့်ကြည့်နိုင်တဲ့ ယန္တရားထူထောင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။