ကရင်ပြည်နယ်၊ တောင်ငူ-သံတောင်လမ်းပိုင်းမှာ ဘုရင့်နောင်တပ်မြို့ကို ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Thawthikho အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၀ရက်၊ နေ့လည်ပိုင်းက ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် ​ခြေလျင်တပ်ရင်း (၃၉ ) က ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တောင်ငူ-သံတောင်လမ်းပိုင်း၊ ၆ မိုင်မှာ ခရီးသွားကားတွေကို လုံခြုံရေးစစ်ဆေးနေတဲ့ KNLA တပ်မဟာ၂ ၊ တပ်ရင်း (၅) ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဆီက M3 သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည်အတောင့် ၂၀၀ နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း Thawthikho အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-သံတောင်လမ်းပိုင်းမှာ KNLA တပ်မဟာ ၂  နဲ့အတူ PDF ပူးပေါင်းတပ်တွေက တောင်ငူနဲ့ သံတောင်ကြီး ဘုရင့်နောင်တပ်မြို့ကို အသွားအပြန်လုပ်နေတဲ့ စစ်ကောင်စီတပ်ကို မကြာခဏဆိုသလို မိုင်းဆွဲဖြတ်တောက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ နိုဝင်ဘာလတုန်းကလည်း သံတောင်ကြီး ၁၃ မိုင်ကနေ ပျားစခန်းကို လမ်းကင်းထွက်ယူတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲထံရပြီး ၄ ယောက်မနည်း သေခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန်မှာ မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ရှားသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
Read More

၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို MBT တပ်ဖွဲ့ ကျင်းပ…

“ဒီနေ့မှာ နောက်တန်းဌာနချုပ်ရှိ တပ်မှူးတပ်သားတွေနဲ့အတူ ဗိုလ်ချုပ်နဲ့ အာဇာနည် ၉ ဦးကို အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျားမဲအလံ တဝပ်လွှင့်ထူခြင်း၊ ကျဆုံးအာဇာနည်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဥဩဆွဲခြင်း၊ တပ်ရင်းမှူး ဗိုလ်မိုက်ခဲက အမှတ်တရ စကားပြောကြားခြင်းတွေ ပြုလုပ်ခဲ့ပါသည်” လို့ MBT တပ်ဖွဲ့က ဆိုထားပါတယ်။