ကရင်ပြည်နယ်၊ တောင်ငူ-သံတောင်လမ်းပိုင်းမှာ ဘုရင့်နောင်တပ်မြို့ကို ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Thawthikho အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၀ရက်၊ နေ့လည်ပိုင်းက ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် ​ခြေလျင်တပ်ရင်း (၃၉ ) က ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တောင်ငူ-သံတောင်လမ်းပိုင်း၊ ၆ မိုင်မှာ ခရီးသွားကားတွေကို လုံခြုံရေးစစ်ဆေးနေတဲ့ KNLA တပ်မဟာ၂ ၊ တပ်ရင်း (၅) ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဆီက M3 သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည်အတောင့် ၂၀၀ နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း Thawthikho အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-သံတောင်လမ်းပိုင်းမှာ KNLA တပ်မဟာ ၂  နဲ့အတူ PDF ပူးပေါင်းတပ်တွေက တောင်ငူနဲ့ သံတောင်ကြီး ဘုရင့်နောင်တပ်မြို့ကို အသွားအပြန်လုပ်နေတဲ့ စစ်ကောင်စီတပ်ကို မကြာခဏဆိုသလို မိုင်းဆွဲဖြတ်တောက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ နိုဝင်ဘာလတုန်းကလည်း သံတောင်ကြီး ၁၃ မိုင်ကနေ ပျားစခန်းကို လမ်းကင်းထွက်ယူတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲထံရပြီး ၄ ယောက်မနည်း သေခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မန္တလေးဒေသနှင့် တမူးဒေသရှိ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု ဂုဏ်ပြု ကြိုဆို

မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေထဲက အောင်ပွဲရခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို Force for Federal Democracy ထုတ်ပြန်ဖော်ပြ… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ Force for Federal Democracy - FFD နဲ့ ပူးပေါင်း Drone အဖွဲ့တွေရဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေက အောင်ပွဲအချို့ရဲ့ မှတ်တမ်းပုံရိပ်တွေကို FFD က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

စစ်မှုထမ်းရမည့်သူများအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေသူများကို AA စည်းကမ်းချက် (၄) ချက်ဖြင့် တားမြစ်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ ရခိုင်ပြည်ကနေ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေအတွက် တားမြစ်တဲ့အချက် (၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။