စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ ကြောင့် ပြည်သူတွေဟာ လုံခြုံမှုနဲ့ တည်ငြိမ်မှု လုံး၀မရှိတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။

၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ပြည်သူလူထုဟာ ဆင်းရဲဒုက္ခရောက်နေတာကြောင့် နိုင်ငံနဲ့လူမျိုးအကျိုးကို ဖျက်ဆီးနေတဲ့လုပ်ရပ်တွေ ရပ်တန့်ကြဖို့ လိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်ကာ ကျေးရွာတွေကို အကြမ်းဖက်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ အဓိက တာဝန်ရှိသူ မင်းအောင်လှိုင်က တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ ပြောလိုက်ပြန်ပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေရကြောင်း၊ ထိုကဲ့သို့သော ပြည်တွင်းပြည်ပ ပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့် လုပ်ရပ်များကို ရပ်တန့်စေလိုတယ်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို မကြာခဏ အပြစ်ဖို့လေ့ရှိပြီး လက်ရှိဖြစ်ရပ်တွေဟာ နိုင်ငံကို မတည်မငြိမ်ဖြစ်စေတယ်လို့လည်း ပြောဆိုလေ့ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ကို ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့လည်း မင်းအောင်လှိုင်က ဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ သူတို့ဘက်က တစ်နိုင်ငံလုံးအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ဝန်ခံပြောဆိုခြင်း မရှိခဲ့ပါဘူး။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းကို AA ထိုးစစ် အရှိန်မြှင့်နေ

အမ်းမြို့နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ရွှေဘိုမှာ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ကျဉ်းတချို့ တရားမဝင် ပြန်လည်ဖမ်းဆီး အချုပ်ချခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

က.လ.လ.တ ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ -  ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အ​ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၁) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။