စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ရွှေကျားဦးဆောင်တဲ့အဖွဲ့နဲ့ လက်ပံရွာ အုပ်ချုပ်ရေးမှူးဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် စစ်ကောင်စီက လက်ပံရွာကို စစ်ကြောင်းထိုး မီးရှို့ဖို့ရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၇ရက်၊ ညနေပိုင်းက မင်းကွန်းကနေ စစ်ကိုင်းဘက်ကို ပြန်လာတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဖြစ်လဲ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ ကျော်မျိိုးထွန်း (ခ) ရွှေကျားနဲ့ အဖွဲ့ကို မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ပါဝင်တဲ့ Road To Mandalay နဲ့အတူ People Servant Force (P.S.F) တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပျူခေါင်းဆောင်လင်မယား အပါအဝင် ၇ယောက်သေကာ လက်နက်၆လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်ရွှေကျားမှာ စစ်ကိုင်းမြို့နေ နာမည်ကြီးပျူစောထီးတစ်ယောက်ဖြစ်ပြီး အရပ်သားပြည်သူတွေကို လက်နက်ပြဗိုလ်ကျမှုတွေရှိတဲ့အပြင် တပ်မ ၃၃ အထိ ပေါက်ရောက်သူဖြစ်တယ်လို့လည်း သိရပါတယ်။

ပျူစောထီးခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရစဉ် (ဓာတ်ပုံ Road to Mandalay)

ဒါ့အပြင် အဲ့ဒီနေ့တစ်ချိန်တည်းမှာပဲ ပစ်ခတ်မှုနဲ့ ဘယ်လောက်မှမဝေးတဲ့ စစ်ကိုင်းမြို့နယ်၊ လက်ပံရွာက အုပ်ချုပ်ရေးမှူး ဖြစ်သူကိုလည်း တော်လှန်ရေးတပ်တွေ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

သေဆုံးသွားတဲ့ ပျူစောထီးခေါင်းဆောင်နဲ့အပေါင်းအပါတွေကို ဇန်နဝါရီလ ၈ရက်နေ့မှာ သ​ဂြိုလ်ပြီးစီးခဲ့ပြီး စစ်ကောင်စီက လက်ပံရွာကို မီးရှို့ဖို့ကြိမ်းဝါးထားတဲ့အတွက် ရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

“လက်ပံရွာက ပျူစောထီး ၂၊ ၃ယောက်လောက်က ရွှေကျားအဖွဲ့ထဲ ပါပါတယ်။ လက်ပံရွာအုပ်ကြီးနဲ့လည်း အဆက်အစပ်ရှိတယ်။ အဲ့ဒါ ရွှေကျားကို ရှင်းရင်းနဲ့ တပြိုင်တည်း ဝင်ရှင်းခဲ့တာပေါ့။ မနေ့ကလည်း ကျောက်တာ-ရေခါးကနေ လက်နက်ကြီးပစ်လို့ ၁ယောက်သေပါတယ်။ ပစ်တာက ၆၀မမဖြစ်မယ်ဗျ။ ရွာကို မီးမရှို့ခင် ဒေသခံ​​တွေကို ပစ္စည်းသယ်ခွင့် ၂ရက်အချိန်ပေးမယ်ဆိုပြီး ပစ္စည်းတွေသယ်ခိုင်းထားတယ်လို့တော့ ပြောတယ်။” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ဇန်နဝါရီ ၈ရက်၊ မနေ့က မနက်ပိုင်းမှာလည်း စစ်ကိုင်းမြို့နယ်၊ ကျောက်တာ-ရေခါးထဲ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က လက်ပံရွာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း Loikaw Local PDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်း - P2 3702 ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။