တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။

တိုက်ခိုက်မှုဟာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ယောက်သေပြီး MA ကျည်ဘောက် ၄ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်နဲ့ အီကွေးမန့် ၁ စုံကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီစစ်ဆင်ရေးကို ဒူကရစစ်ကြောင်းက ဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ဖွဲ့နဲ့ D.E.F-PDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

0 Shares:
You May Also Like
Read More

BIMSTEC ကျင်းပရာ ဟော်တယ်အတွင်း ကျောင်းသားတစ်ဦး စစ်ခေါင်းဆောင်ကို မင်းအောင်လှိုင်ကို သွားရောက်ဆန္ဒပြ

ယနေ့ မတ်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က   “ပုန်း" (အမည်လွှဲ) လို့အမည်ရတဲ့ တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးဟာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေတဲ့ ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ မြေပြင်ဝေဟင် စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။
Read More

မြိုင်တွင် ပြည်သူပိုင်ပစ္စည်း ခိုးယူနေသည့် စစ်အုပ်စု အလစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၁ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။
Read More

အမ်းက ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho လိုက်လံဖမ်းဆီးရာ ၅ ယောက်သေ၊ ၁၂ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်သေကာ ၁၂ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
Read More

မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။