၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေ၊ ပကဖ တွေနဲ့ ဆက်သွယ်ကာ ဒုရဲအုပ် (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက်က အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက် ရပ်တည် ကူးပြောင်း လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

အလင်းဝင်လာသူ (၂၈) ယောက်ထဲမှာ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ (၁၃) ယောက် ရှိပြီး လက်နက်ယူဆောင် လာသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople ဒါမှမဟုတ် နီးစပ်ရာ PDF၊ ပကဖတွေ၊ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်တွင် စစ်ကောင်စီ၏ အစိုးရရုံးနှင့် ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး စိုးရိမ်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနဲ့ ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၂ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Saw Dragon Drone Force-SDDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေးမြို့မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီပေးတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့ ဖမ်းဆီး…

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။