ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖွဲ့မှုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေဟာ စုစည်းတည်ထောင်ချိန် ၁နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃  ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေးကို CDF – ကန်ပက်လက်နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာတော့ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့မှာ ကျင်ဒွေးမြို့ကို အလုံးစုံး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ချင်းညီနောင်တပ်ဖွဲ့တွေဟာ မတူပီမြို့ စစ်ဆင်ရေးကိုလည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး ခမရ-၃၀၄ တပ်ရင်းကို ကနဦး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ ရက်နေ့မှာတော့ ခလရ- ၁၄၀ တပ်ရင်း၊ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

“အဲဒီတိုက်ပွဲမှာ ဟောင်ဝစ်ဇာ အမြောက်အပါအဝင်ပေါ့…၁၄.၅ ZPU လေယာဉ်ပစ် စက်သေနတ်ကြီးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ကျနော်တို့ သိမ်းဆည်းနိုင်ရမိခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်” လို့ ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ က ချင်းညီနောင် တစ်နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ပါတယ်။ 

အဲဒီနောက်မှာ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်‌နေ့မှာ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃ ယောက် လက်နက်ချ အညံ့ခံခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ခလရ-၂၇၄ တပ်ရင်း ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် မင်းတပ်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စတင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက မြို့ကို စွန့်ခွာ ထွက်ပြေးကုန်တာကြောင့် ချင်းညီနောင်အနေနဲ့ သေနတ်ပစ်ဖောက်ခြင်းတောင် မပြုရဘဲ မြို့ကို သိမ်းနိုင်ခဲ့တာပါ။ 

“ကန်ပက်လက်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ အစီအမံအနေနဲ့ မင်းတပ်မြို့သိမ်းနဲ့ တပြိုင်တည်းမှာ စဖို့တော့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်….ဒါကြောင့် မင်းတပ်မြို့သိမ်းပြီးတဲ့ အချိန်မှာ ချက်ချင်း ကျွန်တော်တို့ စဖို့ လုပ်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့ကို ကျနော်တို့ ချင်းညီနောင်နဲ့ မဟာမိတ်တွေက ရယူပြီးတဲ့အခါမှာ ကြောက်ရွံ့ပြီးတော့ သူတို့ မြို့ကို စွန့်ခွာခဲ့တာဖြစ်ပါတယ်… အဲ့ဒါကြောင့် ကျနော်တို့က သေနတ်ဖောက်စရာမလိုဘဲ ကန်ပက်လက်မြို့ကြီးတစ်ခုလုံးကို ထိန်းသိမ်းပြီးတော့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်” ဆလိုင်းထန်းချွန်းဖေ က ဆိုပါတယ်။ 

လက်ရှိမှာတော့ ချင်းညီနောင်တပ်ဖွဲ့တွေက နိုင်ဝင်ဘာလ ၁၀ ရက်နေ့မှာ စတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ဖလမ်းမြို့တွင်းမှာရှိတဲ့ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းနဲ့ တခြား စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ ခလရ (၂၆၈) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိနေတာပါ။ 

“မကြာခင်မှာတော့ ကျနော်တို့ လက်ထဲကို ဖလမ်းမြို့ကို ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ချင်းညီနောင်အဖွဲ့ထဲမှာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) တို့ ပူးပေါင်းပါဝင်ထားတာ ဖြစ်ပါတယ်။

အရှိန်ကောင်းကောင်းနဲ့ တစ်မြို့ပြီး တစ်မြို့ကို အောင်မြင်စွာ သိမ်းပိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ရဲဘော်တွေဟာ တစ်နှစ်တာကာလအတွင်း မြို့သိမ်း၊ စခန်းသိမ်းတွေ အပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို ချင်းပြည်နယ်တင်မကပဲ မကွေး၊ စစ်ကိုင်းနဲ့ ယောနယ်တွေမှာပါ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းကို ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်ခမ်းအနားမှာ ထန်းချွန်းဖေက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း ၆၀၀ ခန့် ဖမ်းဆီးရမိခဲ့သလို ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် ချင်းညီနောင်အနေနဲ့ ချင်းပြည် ပြန်လည်ပေါင်းစည်းရေးကို တစိုက်မတ်မတ် ကြိုးပမ်းနေကြောင်းလည်း ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်အခမ်းအနားမှာ တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးကို စစ်ထောင်ချလိုက်တာ … စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ

စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။ 
Read More

မြန်မာစစ်အုပ်စုက Airbus ၏ မိတ်ဖက် AVIC ထံမှ လေယာဉ်သစ်များ ဆက်တိုက်ဝယ်ယူ လက်ခံရရှိနေသည်ဟု JFM ဖော်ပြ

မြန်မာစစ်အုပ်စုဟာ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ရင်းနှီးမြှုပ်နှံထားတဲ့ မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ထားတဲ့ လေယာဉ်အသစ် ၈ စင်းထိ ဝယ်ယူအသုံးပြုထားတယ်လို့ Justice For Myanmar (JFM) က မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  
Read More

တော်လှန်ရေးအတွက် ပြတ်သားထူးခြား အားကောင်းလာသည့် NUG ယာယီသမ္မတ၏ သတိပြုစရာ မိန့်ခွန်းများ

စစ်တပ်က အာဏာသိမ်းခဲ့တာ  ၄နှစ်ပြည့်ဖို့ လပိုင်းသာလိုတော့တဲ့အချိန်မှာ ပြည်သူတွေ အားကိုး ယုံကြည်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတရဲ့ ရှေ့ထွက်မိန့်ခွန်းတွေဟာ  ပြတ်သားအားကောင်းလာပြီး တော်လှန်ရေးခရီး အမြန်ဆုံး အဆုံးသတ်လိုတဲ့ စိတ်ဆန္ဒတွေနဲ့  ထုတ်ဖော်ပြောကြားမှုတွေ ဆက်တိုက်ရှိလာပါတယ်။
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 
Read More

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ 
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။