ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
AA တပ်ဖွဲ့ဝင်တွေက နပခကို သိမ်းပိုက်ပြီးနောက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းအသီးသီးကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ စစ်သားဦးရေ ၉၀ ခန့်ကို CDF- Asho တပ်ဖွဲ့အနေနဲ့ အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၁၅၀၀ ကျော်မှာ ပိတ်ဆို့တားဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထဲက စစ်ကောင်စီတပ်သားတချို့ဟာ CDF- Asho ထံကို အလင်းဝင်လာသူတွေလည်း ရှိသလို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
CDF- Asho အနေနဲ့ ထွက်ပြေး လွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေရာ ၃ ရက်အတွင်းမှာ စစ်သား (၁၇) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
“လက်တလောကတော့ အလင်းဝင်လာသူတွေရဲ့ ဖြေကြားမှုအရရော… ဆက်စပ်စစ်ဆင်ရေး အခြေအနေအရရော…နယ်မြေရှင်းလင်းရေးလည်း လုပ်ဆောင်နေဆဲမို့ ထုတ်ပြန်ချက်ထဲကပါတဲ့ အရေအတွက်လောက်ပဲ ပြည်သူကို အသိပေးလို့ ရပါသေးတယ်ဗျ။ ဒဏ်ရာရသူတွေလည်း မပါပါဘူး။ နိုင်ငံတကာ စစ်ဥပဒေများအတိုင်းပဲ စစ်သုံ့ပန်း အလင်းဝင်လာသူတွေကို ထားရှိလျှက်ပါဗျ။” လို့ CDF – Asho ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ (၃) ရက်အတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထပ်မံ ဖမ်းဆီးရမိသူတွေဆီက လက်နက်ခဲယမ်းမျးစွာနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့သလို ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း နယ်မြေရှင်းလင်း ရှာဖွေလျက်ရှိတယ်လို့ ဆိုပါတယ်။
ပုံ – CDF- Asho
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရဲဘော်တွေဟာ လေ့ကျင့်မှုအသစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုအသစ်တွေ လုပ်ဆောင်ပြီးတဲ့နောက် ရှမ်းတောင်စစ်ဒေသဆီ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို အဆိုပါတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပင်လောင်းမှာ စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

ဆားလင်းကြီး ပညာရေးဘုတ်အဖွဲ့ (၁) နှစ်ပြည့်ဆုပေးပွဲ အခမ်းအနား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။