ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းကနေ နိုဝင်ဘာ ၉ ရက်မှာ ၁ ယောက်၊ ၁၆ ရက်မှာ ၁ ယောက်၊ ၂၂ ရက်မှာ ရဲဘော် ၄ ယောက်နဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ၁ ယောက် စုစုပေါင်း ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီမြို့သိမ်းစစ်ဆင်ရေးအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ပြင်းထန်ဒဏ်ရာရသူ ၃ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၉ ယောက်နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူ ၂ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

“မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ရဲဘော် (၇)ယောက် ပေးဆပ်ကျဆုံးခဲ့ရပြီး ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကိုပဓာနမထားပဲ အောင်ပွဲတွေရရှိအောင် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကိုလည်း ဦးညွှတ်ဂုဏ်ပြုအလေးနီပြုပါတယ်”လို့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်

မုံရွာခရိုင်အမှတ် ၃ တပ်ရင်းဟာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်အဖွဲ့၊ Yaw Defence Force – YDF ၊ Yaw Army (YA) တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ကူ၊ လက်နက်ခဲယမ်းပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့အတူ စစ်ဆင်ရေးအောင်မြင်အောင် လုပ်ဆောင်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်ကစတင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ခလရ ၂၇၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်သုံ့ပန်း ၁၅၀ ထက်မနည်းနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ စစ်မှုထမ်း အဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်း အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။
Read More

မြို့နယ်ပေါင်း ၁၉၀ တွင် အင်အား ၅၀၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ပေးနေကြောင်း NUG က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို လက်ခံဖို့ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော

စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

မြိုင် အ​နောက်တောင်ပိုင်းက သရက်ကွ ပျူရွာကို တော်လှန်ရေး တပ်ပေါင်းစုတွေ သိမ်းပိုက်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ အနောက်တောင်ဘက် ၄ မိုင်အကွာမှာရှိတဲ့ သရက်ကွရွာကို တော်လှန်ရေးတပ်ပေါင်းစုတွေ အတူတကွ ပူးပေါင်းသိမ်းပိုက်လိုက်နိုင်ပြီဖြစ်​ကြောင်း ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

စစ်တပ် သတင်းပေး မလုပ်ဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့သည့် ပျူစောထီး ဒီတစ်ကြိမ် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စစ်အုပ်စုထံ သတင်းမပေးဖို့ သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတဲ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။