Justice Soldier PDF က အပတ်စဉ် (၁၁) အတွက် သင်တန်းသားအသစ်တွေ စိစစ်ခေါ်ယူလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သင်တန်းသားသစ်တွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ စစ်မှုထမ်းဖို့ လုံလောက်စွာ ကျန်းမာရေး ကောင်းမွန်သူ၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သန္ဓိဌာန်ချထားသူ၊ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊  အထက်ကပေးအပ်တဲ့ တာဝန်နဲ့ အမိန့်ကို တိကျသေချာစွာ လိုက်နာနိုင်သူ၊ရာဇဝတ်မှု ကင်းရှင်းသူ ဖြစ်ရမယ်လို့ အသိပေးထားပါတယ်။

အထက်ပါအချက်တွေနဲ့ ကိုက်ညီမှုရှိပြီး လိုက်နာနိုင်တယ်ဆိုရင် Justice Soldier PDF Official Facebook Page မက်ဆင်ဂျာမှာ လာရောက်ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်လိုက်မြို့နယ်ရှိ ထော်သာစခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ထော်သာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိုင်းတောင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်း‌တောင်မှာ စက်တင်ဘာ ၁၉ ရက်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့  Karenni Nationalities Defence Force (KNDF) ထံက သိရပါတယ်။
Read More

S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားတွေတန်းတူ စစ်ရေးလေ့ကျင့်နေကြတဲ့ S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်း လေ့ကျင့်ရေးပုံရိပ်တွေကို အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Read More

ထားဝယ်နှင့် လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ၂ ယောက်ထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

အမ်းက ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho လိုက်လံဖမ်းဆီးရာ ၅ ယောက်သေ၊ ၁၂ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်သေကာ ၁၂ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။