မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  

ထိုင်းအစိုးရက အကူအညီပေးမယ့် ဆေးတွေဟာ ကာလဝမ်းရောဂါဝေဒနာရှင် ၂၄၀၀ အတွက် လုံလောက်တဲ့ ဆေးဝါးတွေနဲ့ ကာလဝမ်းရောဂါကာကွယ်ဆေး ၅၀၀၀ ခန့် ဖြစ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားမှု ၇၀၀၀ ခန့်ရှိတယ်လို့ တရားဝင် ထုတ်ပြန်ချက်မဟုတ်တဲ့ သတင်းတွေက ဖော်ပြထားကြောင်း ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင် တဖက်ခြမ်း BGF/KNA အကာအကွယ်ပေးထားရာ ရွှေကုက္ကိုလ်မြို့မှာ အနည်းဆုံး ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်နဲ့ သေဆုံးသူ ၂ ယောက် ရှိခဲ့ပါတယ်။

ထိုင်းနယ်စပ် မဲဆောက်ခရိုင်မှာလည်း ရောဂါကူးစက်ခံရသူ ၄ ယောက်ရှိနေပြီး မြန်မာနိုင်ငံသား ၂ ယောက် ပါဝင်ပါတယ်။

သောင်းရင်းမြစ်ကို ဖြတ်၍ ထိုင်းဘက်ခြမ်း မဲဆောက်မှ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီသို့ သွားနေသည့် လူအပြည့်ပါဝင်သည့် လှေငယ်တစ်စင်း။ မြန်မာနိုင်ငံတွင် လူပေါင်း ၇,၀၀၀ ကျော် ကူးစက်ခံထားရသည့် ကာလဝမ်းရောဂါ ဖြစ်ပွားပြီးနောက် ထိုင်းဘက်ခြမ်းက နယ်စပ်စောင့်ကြည့်ရေးများကို တင်းကျပ်ထားသည်။ (ဓာတ်ပုံ Bangkok Post)

ထိုင်းအာဏာပိုင်တွေက လူနာ ၂၄၀၀ ခန့်အတွက် လုံလောက်တဲ့ ကာလဝမ်းရောဂါဆေးပြား ၂၄၀၀၀၀ နဲ့ ကာလဝမ်းရောဂါ ကာကွယ်ဆေး ၁၄၈၂ ချောင်းကို မဲရမတ်ဆေးရုံကတဆင့် ပေးပို့ခဲ့ပါတယ်။ နောက်ထပ် ကာကွယ်ဆေး ၃၅၀၀ ကို လာမယ့်အပတ်မှာ ပေးပို့မယ်လို့ သိရပါတယ်။

ကာကွယ်ဆေးဟာ ခြောက်လတာ ကာလဝမ်းရောဂါ ခုခံအားကို တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်တယ်လို့ ဝန်ကြီးဌာနရဲ့ ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့  မြန်မာ – ထိုင်းနယ်စပ်မှာ ကာလဝမ်းရောဂါဖြစ်ပွါးမှုနဲ့ပတ်သက်ပြီး တစုံတရာ အသိပေးထုတ်ပြန်ခြင်း၊ ကာကွယ်ကုသရေးဆိုင်ရာ ပြင်ဆင်ပြုလုပ်နေကြောင်း ထုတ်ပြန်ခြင်းတွေ မရှိကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လကစလို့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အပါအဝင် မြို့နယ်တချို့တွေမှာလည်း ကာလဝမ်းရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးခဲ့ပြီး သေဆုံးမှုရှိကြောင်း ဒေသခံတွေက ပြောဆိုခဲ့ကြပေမယ့် စစ်ကောင်စီကတော့ ထုံးစံအတိုင်း လူသေဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

မူရင်းသတင်း –  Thailand sends cholera medicine to Myanmar

0 Shares:
You May Also Like
Read More

မီဇိုရမ်မှ မြန်မာဒုက္ခသည်များကို ဇီဝမှတ်ပုံတင်ခြင်း ဇူလိုင်လတွင် စတင်မည်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်အတွင်း ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား ၃၂,၀၀၀ ကျော်ကို ဇီဝမှတ်ပုံတင်ခြင်းလုပ်ငန်း စတင်တော့မှာဖြစ်ကြောင်း၊ လာမယ့် ဇူလိုင်လမှာ အဲဒီအစီအစဉ်ကို ခရိုင် ၁၁ ခုလုံးမှာ စတင်ဖို့ စီစဉ်ထားကြောင်း အိန္ဒိယသတင်းဌာန Northeast Today က ဇွန်လ ၂၅ ရက်မှာ ဖော်ပြထားပါတယ်။ 
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။