ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force – CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မင်းတပ်မြို့စောင့်တပ် ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပေမယ့် လက်နက်ခဲယမ်းအရေအတွက်ကိုတော့ CDF မင်းတပ်က အတိအကျ မထုတ်ပြန်သေးပါဘူး။

နိုဝင်ဘာလ ၉ ရက်ကစလို့ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးအတွင်း မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာတော့ ချင်းတော်လှန်ရေးတပ်တွေဟာ မြို့ပေါ်က စစ်ကောင်စီရဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲ့ဒီနောက် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်မှာ ရဲတပ်ဖွဲ့ဝင်းကနေ စစ်သားနဲ့ ရဲ စုစုပေါင်း ၁၂၃ ယောက်က မိသားစုဝင်တွေနဲ့အတူ လက်နက်ချ အညံ့ခံလာတယ်လို့ ဆိုပါတယ်။

ခလရ ၂၇၄ တပ်ရင်းကိုတော့ ဒီဇင်ဘာလ ၂၁ ရက်မှာ အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းတော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

CDF မင်းတပ် ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၂၂ ရက်ကလည်း ကန်ပက်လက်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းနှင့် ဝေါမြို့နယ် သူရဲသူမိန်ရွာက စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

“၅၉၈ မှာ ပြန်တပ်စွဲဖို့ ပြင်နေ၊ ဘန်ကာဆောက်နေတဲ့ စစ်‌ေ-ွးတွေကို လက်နက်ကြီး၊ စနိုက်ပါနဲ့ သွားချတာပါ။ သေဆုံးတွေက ဒေသခံတွေ ပြန်ပြောတာပါ။ အရင် ၅၉၈ ကို တိုက်ပြီးကတည်းက အဲဒီ ဝန်းကျင်ရွာတွေက ပြန်နေလို့မရတော့ပါဘူး။ ပြန်နေလည်း စကစက ပြန်မောင်းထုတ်တဲ့ အခြေအနေတွေပါ” လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ အသုံးပြုမည်ဟု ယူဆရသည့် Y-8 လေယာဉ်နှစ်စင်း ကူးမင်းလေဆိပ်တွင် တွေ့ရှိခဲ့ဟု Myanmar Witness ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်(လေ) (MAF) အမှတ်တံဆိပ်ပါ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းကို တရုတ်နိုင်ငံ ကူးမင်းလေဆိပ်ရှိ နေရာတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်က စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ တောင်ပေါ်ကျောင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ဒူရက စစ်ကြောင်း) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။