ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။

နွားထိုးကြီး PDF တပ်ဖွဲ့အပါအ၀င် တော်လှန်ရေးတပ်ဖွဲ့တွေက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်အထိ သွားရောက်ကာ ခရီးသွားပြည်သူတွေနဲ့ တွေ့ဆုံပြီး အသိပေးပြောကြားခဲ့တာပါ။

ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းမှာ Natogyi People Defense Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃၁၈ မှာ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်လို့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့၊  ည အချိန်မတော် မထွက်ကြဖို့၊ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ရှေ့ဆက်တိုးပြီး မမောင်းနှင်ဘဲ  နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ အသိပေးတိုက်တွန်းပြောကြားမှုတွေ လုပ်ဆောင်ခဲ့တာပါ။

PDF တပ်ဖွဲ့တွေ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်တွေက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ ဝန်းကျင်မှာ လာရောက်ပြီး အထိုင်ချတပ်စွဲထားတယ်လို့လည်း သိရပါတယ်။

အမြန်လမ်းမှာ ပြည်သူတွေနဲ့ တွေ့ဆုံမှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – Natogyi People Defense Force နဲ့ မြင်းခြံခရိုင် အမှတ် -၁၀ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) မှ ဦးစီးဖွင့်လှစ်သည့် အခြေခံ/အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် (၂/၂၀၂၅ ) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်း (၂) ရေးပြောက်ကျားတပ် (YGF) က ဦးစီးဖွင့်လှစ်တဲ့ အခြေခံ / အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် (၂/ ၂၀၂၅ ) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။