KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

KIA က ဗန်းမော်မြို့ကို ဒီဇင်ဘာလ ပထမပတ်ထဲက စတင်ကာ ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA တပ်တွေပြင်းထန်တဲ့ထိတွေ့တိုက်ပွဲ သုံးနေရာမှာ မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းအမြစ်အချို့က ဆိုပါတယ်။

မနေ့က ဒီဇင်ဘာ ၂၂ ရက်ကတော့ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA/PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး တက္ကသိုလ်အပါဝင် အနီးအနားနေရာတွေကို ထိန်းချုပ်လိုက်ပြီလို့ ဖော်ပြထားပါတယ်။ 

စကစ တပ်စွဲထားသည့် ဗန်းမော်နည်းပညာတက္ကသိုလ် အဆောက်အဦတစ်ခုကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က တွေ့ရစဉ်

ဗန်းမော်မြို့တွင်းမှာ KIA တပ်တွေက ပြောက်ကျားစနစ်နဲ့ ဆက်တိုက်ဝင်ရောက် တိုက်ခိုက်မှုတွေရှိနေပြီး၊ အချက်အချာနေရာတွေကနေ လက်ဖြောင့်စနိုက်ပါတွေနဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြည့်ပစ်ခတ်နေတယ်လို့  KIA ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။ 

KIA ဘက်ကတော့ မြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ အခြေစိုက်ထားတဲ့ ရဲစခန်းကိုတိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ရှေ့တိုးဖို့ခက်နေပြီး တိုက်ပွဲက ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

မြို့ရဲ့ နေရာတစ်ချို့မှာ အရပ်သားပြည်သူတွေ ပိတ်မိနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးအချို့ကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဗန်းမော် စစ်ရေးသတင်းများကို အဓိကဖော်ပြနေတဲ့  Banmaw Scout Team ရဲ့ ဖော်ပြချက်တွေအရ  ဗန်းမော်မြို့ ဝန်းကျင်၌ တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ကန်ဦးကျောင်းအနီးမှာပါ တိုက်ပွဲပြင်းထန်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ၂မိုင် လေယာဉ်ကွင်း ဝန်းကျင်နှင့် စကခ (၂၁) ဝန်းကျင်၌လည်း တိုက်ပွဲများ ဆက်ရှိနေပြီး  ခလရ(၄၇) တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ကာ ပြန်လည်သိမ်းယူနိုင်တော့မယ်လို့ ဝါဒဖြန့်ရေးသားနေပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခံစစ်အနေအထားနဲ့ သာ ခုခံနေတယ်လို့ သိရပါတယ်။ 

နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက် လေကြောင်းပစ်ကူတာတွေ ရှိနေပြီး တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်သာမက လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါ ဗန်းမော်မြို့ပေါ်က လူနေအိမ်တွေလည်း ကြီးကြီးမားမားထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ၊ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းကွန်းပစ်ခတ်မှုအတွင်း အရပ်သားတွေ ထိခိုက်ခဲ့မှုအတွက် မစ်ရှင်ဖော်ဆောင်တဲ့ အဖွဲ့တွေ တာဝန်ယူရမယ်လို့ မင်းကွန်း PDF သတိပေး

စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ မင်းကွန်း PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။