မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉)ရက်နေ့မနက်ပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ ထန်းပင်ကုန်းရွာ တပ်စခန်းကို MDY PDF က အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာပါ။
ဒီဇင်ဘာ ၂၀ရက်မနက်ပိုင်းမှာ မတ္တရာမြို့ထဲ အခြေချတပ်စွဲနေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး၊ စကားပင်၊ အုတ်ဖိုနဲ့ သန်းကုန်းရွာတွေကြားကို လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်း Voice of Mandalay အဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံများ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
“အခုတော့ မတ္တရာအရှေ့ခြမ်းက ထန်းပင်ကုန်းရွာကို MDY PDF ကသိမ်းလိုက်ပြီလို့ သိရတယ်။ မတ္တရာအနောက်ခြမ်းက ရွာသုံးရွာကိုလည်း MDY ကပဲ ထိန်းထားပါသေးတယ်။ တစ်ဖက်မှာလည်း မတ္တရာမြို့ပေါ်အထိုင်တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေ၊ အထူးသဖြင့် လွတ်မြောက်နယ်မြေဖြစ်ပြီးသားလို့ ပြောလို့ရတဲ့ အုတ်ဖို သန်းကုန်းရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်။ နောက်ပြီး မတ္တရာအနောက်ခြမ်းက မြွေဥဒိန်နဲ့အနီးတဝိုက်က ရွာတွေကို နေ့တိုင်းလိုလိုမီးဝင်ရှို့နေပါတယ်” လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို တိုက်ပွဲအပြီး ဒီဇင်ဘာ ၁၉နဲ့ ၂၀ရက်နေ့တွေထဲမှာတော့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ရက်ကလည်း တော်လှန်ရေးအဖွဲ့များ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာများရှိ စစ်ကောင်စီစခန်းတွေကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မန္တလေး PDF ဟာ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း လေးဆယ်နီးပါးကို သိမ်းပိုက်ရရှိထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF အနေနဲ့ လက်ရှိမှာ မတ္တရာမြို့နည်းတူ သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တွေမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

ရေဦးမှာ NUG အစိုးရ ဌာနဆိုင်ရာတွေက လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရေဦးမြို့နယ်မီးဘေးလုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊မြို့နယ် ပ.က.ဖ ကူညီကယ်ဆယ်ရေးနဲ့ မြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းပြီး လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ပဲခူးတိုင်း ကျောက်ကြီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU အသိပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

တရုတ်ကောင်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုကို NUG က ကန့်ကွက်ရှုံ့ချ

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။