ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

AA သိမ်းယူခဲ့တဲ့ မောင်တောမြို့က အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ – နခခ (၅) တိုက်ပွဲမှာ လက်နက်မချဘဲ ထွက်ပြေးသွားတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ ရက်မှာ AAက အသေဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူများကြားထဲတွေ့ရတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း

ဗိုလ်မှူးကြီး အောင်နေမျိုးဟာ ရွှေတုံးတချို့နဲ့ ငွေကြေးတွေ ယူဆောင်ထွက်ပြေးချိန် မိုင်းမိပြီး မောင်တော်မြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနီး ပုဇွန်ကန်တဲမှာ အသေဖမ်းမိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာလ ၈ ရက်က AA သိမ်းယူခဲ့တဲ့ မောင်တောမြို့က အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ – နခခ (၅) တိုက်ပွဲမှာပဲ ဘူးသီးတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) က စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ်ကျော်ကျော်သန်း

ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ နေ့လည်အချိန်မှာ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်က ရာထူးကြီးသူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိ၊ မရှိ စစ်ဆေးပြီး ပြစ်မှုအတိုင်း အရေးယူသွားမယ်လို့ AA က ဆိုပါတယ်။

AA ဟာ ရခိုင်ပြည်နယ်အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့မှာ သိမ်းယူနိုင်ခဲ့ပြီးနောက် အမ်းမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ AA သိမ်းယူဖို့ စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ မာန်အောင်မြို့တို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး အောင်နေမျိုး
0 Shares:
You May Also Like
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

နတ်ရေကန်စခန်း အဓိက ကာကင်းကို AA ပူးပေါင်းတပ်များ သိမ်းယူထား

အမ်း-ပဒါန်းလမ်းပေါ်က စစ်ကော်မရှင်တပ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး စစ်စခန်းရဲ့ အဓိက ကာကင်းစခန်းဖြစ်တဲ့ ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာမီးရှို့ဖို့ ကြိုးစားသည့် အကြမ်းဖက်စစ်ကြောင်း ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှာ လမ်းပိုင်းစိုးမိုးဖို့နဲ့ ရွာမီးရှို့ဖို့  စစ်ကြောင်းထိုးတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာတွေရရှိပြီး စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။