ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နာမည်ကို အသုံးပြုပြီး  အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းက အလှူခံပို့စ်တွေ၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်စာတွေကို လူမှုကွန်ရက်ကတဆင့် ဖြန့်ဝေမှုတွေ လုပ်ဆောင်နေကြောင်း ရေကြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

ရေကြည် ပအဖ ပုံရိပ်ကို ဖျက်ဆီးလိုတဲ့ ဆန္ဒနဲ့ အလှူခံမှူတွေ လုပ်ဆောင်သလို လှူဒါန်းတဲ့ ပြည်သူတွေကို ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

“တော်လှန်ရေးကို ပျက်စီးအောင်လုပ်နေတာပါ။ အဓိကကတော့ စစ်တပ်က လုပ်နေတာလို့မြင်မိပါတယ်။ ကျနော်တို့မြို့နယ်မှာဆိုရင် ပအဖ၊ ပကဖ အဖွဲ့အစည်းတွေရှိတယ်။ အားလုံးက သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေတာဖြစ်ပြီးတော့ Code of Conduct တွေနဲ့ လုပ်ဆောင်နေကြတာပါ။ ဒီလိုမျိုး စည်းကမ်းဖောက်ဖျက်ပြီးလုပ်ဆောင်နေတာတွေမရှိပါဘူး” လို့ ရေကြည် ငသိုင်းချောင်း တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ NLD ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုမျိုးသက်ဦးက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေနေသည့် တော်လှန်ရေးတပ်ဖွဲ့ အမည်ခံ ခြိမ်းခြောက်စာ

ရေကြည်မြို့နယ်အတွင်း အတင်းအဓမ္မငွေတောင်းခံမှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မသက်ဆိုင်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ်ခံရမှုမျိုး ကြုံတွေ့လာရင် တိုင်ကြားနိုင်ကြောင်း ရေကြည် ပကဖ က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ဒေသနဲ့ နီးကပ်နေတဲ့ ဧရာဝတီတိုင်းမှာ စစ်အုပ်စုတွေအနေနဲ့ ရခုျင့်တပ်တော် AA တပ်တွေ ဝင်ရောက်လာမှာကို စိုးရိမ်နေကြသလို တော်လှန်ရေးကို နည်းမျိုးစုံနဲ့ ပုံဖျက်နေကြတာကို ပြည်သူတွေ သတိထားကြဖို့ လိုအပ်တယ်လို့ တော်လှန်တပ်ဖွဲ့တွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြု 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ပုလောမြို့နယ်ရှိ တမိုင်းတောင်စခန်းကုန်းမြင်ကွင်း (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တမိုင်းတောင်စခန်းကုန်းမြင်ကွင်းကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပါတီစုံဒီမိုကရေစီ လိုချင်ရင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ကြဖို့ စစ်အာဏာရှင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်မှုမျိုး မပြုလုပ်ဘဲ အားလုံးပူးပေါင်းကြဖို့  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရုပ်ရှင်အစည်းအရုံးဝင်နှင့် အစည်းအရုံးဝင်ဖြစ်ဖို့ လျှောက်ထားသူများကိုသာ ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာကြည့်ခွင့်များ ပေးတော့မည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များအဖြစ် လျှောက်ထားဆဲသူများ ပါဝင်တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတင်ဆက်မှုတွေကိုသာ ရိုက်ကူးခွင့်၊ ဆင်ဆာကြည့်ရှုခွင့်တွေ ပေးတော့မှာဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်ဝေခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။