ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။

KNLA တပ်မဟာ (၇) ကွန်မန်ဒိုတပ်ခွဲ၊ KNDO တပ်ခွဲ၊ တပ်ရင်း (၂၂) ၊ တပ်မဟာ (၅) ကွန်မန်ဒိုတပ်ခွဲ၊ ABSDF၊ FFD ဒရုန်းတပ်ဖွဲ့၊ တပ်မဟာ (၇) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၆) ရက်မှာ မာနယ်ပလောဒေသက ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

မာနယ်ပလောနယ်မြေမှာ ပွိုင့် ၉၁၃ နို့ဒေးစခန်း၊ ကဆောဝါးလေးစခန်း၊ မြောက်ကုန်းစခန်း၊ သဒေါ့ဝါး လေးစခန်း၊ ကယ်ဂေါ်ကျိုးစခန်း၊ ဖူးလောကုန်းစခန်းတို့ တည်ရှိရာ KNLA ပူးပေါင်းတပ်က ၂၀၂၃ ခုနှစ်မှာ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ပွိုင့် ၉၁၃ နို့ဒေးစခန်းကလွဲလို့ ကျန်တဲ့စခန်းငါးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာ နောက်ဆုံးကျန်နေတဲ့ ပွိုင့် ၉၁၃ နို့ဒေးစခန်းကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မာနယ်ပလောနယ်မြေကို KNU က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ၁၉၉၂ ခုနှစ်မှာ မာနယ်ပလောနယ်မြေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ KNU ဆီက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ် သိမ်းပိုက်ထားတဲ့ မာနယ်ပလောရှိ KNU ဌာနချုပ်ဟောင်းကို KNLA ပူးပေါင်းတပ်တွေက နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရပ်ကွက်ထဲ ဗိုလ်ကျသည့် တောင်ဒဂုံက အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ၊ သေဆုံးမှုများ ရှိနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရပ်ကွက်နေပြည်သူတွေအပေါ် အမြဲအနိုင်ကျင့်နေတဲ့ (၁၄၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး တပ်ရင်းဌာနအသီးသီးမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြမယ့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး သက်ဆိုင်ရာ တပ်ရင်းဌာနအသီးသီးကို ပြန်လည်တာဝန်ထမ်းဆောင်ကြမယ့် တော်လှန်ရေးရဲဘော်များကို ချင်းညီနောင်တပ်ဖွဲ့ရဲ့ ဗျူဟာမှူးက နှုတ်ဆက် အမှာစကား ပြောကြားခဲ့တဲ့ မှတ်တမ်းကို CDF Mindat က ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
Read More

မော်ဒန်ပန့် တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း ဖမ်းဆီးထားဟု ဆို

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကို PDF က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းတွေပါ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက်ကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။