မန္တလေးတိုင်းက မြို့နယ် ၇ ခုမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၂ ပတ်တာကာလအတွင်း မြေပြင်သတင်းရင်းမြစ်တွေကို အခြေပြုချက်အရ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူ လူငယ် ၁၂၅ ယောက်အထိ ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။

မန္တလေးသပိတ်အင်အားစု ထုတ်ပြန်ချက်အရ အောင်မြေသာဇံမြို့နယ်မှာ ၂၁ ယောက်၊ ချမ်းအေးသာဇံမြို့နယ်မှာ ၇ ယောက်၊ မဟာအောင်မြေမြို့နယ် ၅ ယောက်၊ ချမ်းမြသာစည်မြို့နယ်မှာ ၅ ယောက်၊ ပြည်ကြီးတံခွန်မြို့နယ် ၃၆ ယောက်၊ အမရပူရမြို့နယ်မှာ ၁၇ ယောက်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ ၃၄ ယောက် စုစုပေါင်း ၁၂၅ ယောက် မတရား ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

မန္တလေးသပိတ်အင်အားစု၏ ထုတ်ပြန်ချက်

အဲ့ဒီဖမ်းဆီးခံရသူလူငယ်စာရင်းကို လက်လှမ်းမီရာ သတင်းရင်းမြစ်တွေကို အခြေခံပြုစုရတာဖြစ်တာကြောင့် မြေပြင် အခြေအနေအရ ဒီထက် ပိုများနိုင်တယ်လို့ မန္တလေးသပိတ်အင်အားစုက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ ပေါ်တာဆွဲဖမ်းဆီးရာမှာ နေ့ည အချိန်မရွေး ဖမ်းဆီးနေတာဖြစ်ပြီး ညအချိန်မတော် ဧည့်စာရင်း အကြောင်းပြ ဖမ်းဆီးတာတွေအထိပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဆီ တပ်သားသစ် စုဆောင်းခံရမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ချိန်ရခဲ့ရင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားဖို့၊ မိမိ နေထိုင်တဲ့ ပတ်ဝန်းကျင် လက်လှမ်းမီရာတွေမှာ မတရားဖမ်းဆီးခံရမှုတွေရှိရင် သတင်းပေးပို့ပေးကြဖို့ မန္တလေး သပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

NLD သန်လျင်လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြာက်နယ်မြေမှာ ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
Read More

၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၊ တစ်လက်ကို ၃၅ သိန်းကျပ် ကျသင့်ပြီး ထောက်ပို့ပြည်သူများ ကူညီထောက်ပံ့နိုင် 

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာကို ဂျက်ဖိုင်တာလေယာဉ်နဲ့ စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီမနက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။