ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF – တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ကိုယ့်ဆန္ဒ ကိုယ်ထုတ်ဖော်ပြောရုံနဲ့တောင် အသက်တွေ၊ ဘဝတွေ ပေးဆပ်နေရတဲ့ နိုင်ငံမှာ နိုင်ငံသားတိုင်း ကိုယ့်လုပ်ပိုင်ခွင့် ကိုယ်ပြန်ရစေဖို့ တော်လှန်တိုက်ယူနေရတဲ့ အခြေအနေအချိန်အခါမို့ ကျနော်တို့ တော်လှန်ရဲဘော်တွေအတွက်ကတော့ နေ့ရက်တိုင်းဟာ Human Rights Day – လူ့အခွင့်အရေးနေ့ ပါပဲ” ဆိုတဲ့ စာသားနဲ့အတူ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ပြည်သူအားလုံးဟာ ညီတူညီမျှနဲ့ ကိုယ့်ဆန္ဒ ကိုယ်ထုတ်ဖော်ခွင့်ရှိဖို့ လူ့အခွင့်အရေးနဲ့အညီ နေကြရဖို့ ဒီစနစ်ပြောင်း တော်လှန်ရေးထဲမှာ ဆက်လက်ပါဝင်တော်လှန်ပေးကြဖို့ လိုတယ်လို့ 96 Soldiers PDF – တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တည်ငြိမ်အေးချမ်းသော ဒေသများကို တိုင်းရင်းသားလက်နက်ကိုင်များ ဖျက်ဆီးတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မင်းအောင်လှိုင် စွပ်စွဲ

တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရပ်ဝတ်နှင့် ဆိုင်ကယ်စီးလာသည့် နယ်ထိန်းရဲ ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်ပြီး လူငယ်၂ ဦးကို သတ်ဖြတ်ခဲ့ဖူးတဲ့ နယ်ထိန်းရဲ မာန်ဟိန်းဆိုသူကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။